ကယ်လီဖိုးနီးယားပြည်နယ်မှာ တက္ကသိုလ်ကျောင်းသား၊သူ (၄၃) ဦး ကိုဗစ်ကူးစက်ခံရ

25-8-2020-yyl-006.jpg

တက္ကသိုလ်နယ်မြေအပြင်ဘက်မှာ နေထိုင်နေတဲ့ University of Southern California ရဲ့ကျောင်းသူ၊သား အနည်းဆုံး (၄၃) ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ရတယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။ University Park မှာ နေထိုင်တဲ့ ကျောင်းသူ၊သားတွေထဲကမှ ရောဂါပိုးရှိသူ (၄၃) ဦးတွေ့ရှိခဲ့ရတယ်လို့ University of Southern California က ကျောင်းသား၊သူတွေရဲ့ မိသားစုဝင်တွေကို ထုတ်ပြောပြခဲ့ပါတယ်။

ကျောင်းသား၊သူ (၁၀၀) ကျော်ကို Quarantine ခံယူခိုင်းထားပါတယ်။ တက္ကသိုလ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တဲ့ သတင်းကို အရင်ဆုံး USC Student သတင်းစာကနေ ဖော်ပြခဲ့ပြီး အဲဒီကတည်းကနေ တက္ကသိုလ်ရဲ့ဝက်ဆိုက်မှာ ပို့စ်တင်ခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုးရှိသူ (၁၄) ဦးက လက္ခဏာမပြဘဲ စမ်းသပ်တွေ့ရှိခဲ့ပြီး (၂၉) ဦးက ထိတွေ့ဆက်ဆံခဲ့သူတွေကို ခြေရာခံရင်း ရောဂါလက္ခဏာပြခဲ့တဲ့အတွက် စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ University of Southern California က ပြောပါတယ်။

“တက္ကသိုလ်နယ်မြေအနီးနားမှာ (သို့) တက္ကသိုလ်နယ်မြေမှာ နေထိုင်တဲ့ကျောင်းသူ၊ သားတွေအတွက် သတိထားကြဖို့နဲ့ Social Distancing လုပ်ဖို့၊ အိမ်အပြင်မှာအခြားသူတွေနဲ့ စုစုဝေးဝေးလုပ်တာတွေရှောင်ကျဉ်ဖို့၊ Mask ဝတ်ဖို့၊ လက်ဆေးဖို့စတဲ့ လမ်းညွှန်ချက်တွေအားလုံးကို လိုက်နာကြဖို့ ကျွန်တော်တို့အကြံပြုပါတယ်”လို့ USC က ဆိုထားပါတယ်။

USC က ပြီးခဲ့တဲ့အပတ်ကမှ အွန်လိုင်းစနစ်နဲ့ အတန်းတွေအားလုံးနီးပါး (ဆေးပညာဆိုင်ရာပညာရေးကတော့ ချွင်းချက်ပါ) ကို အခုနှစ်စာသင်နှစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ်အနီးနားမှာနေတဲ့ ကျောင်းသူ၊သားတွေကို ကျောင်းနဲ့ လက်တွဲပူပေါင်းထားတဲ့ COVID-19 ရောဂါစမ်းသပ်ကုမ္ပဏီကနေတဆင့် ပုံမှန် စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၆၆၈,၀၀၀) ဦးကျော်နဲ့ သေဆုံးသူ (၁၂၀၀၀) ကျော်ရှိပါတယ်။

Ref: CBS “Dozens of University of Southern California students test positive for COVID-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top