ဟော့ဒေါ့စားပြိုင်ပွဲမှာ ၁၀ ကြိမ်မြောက်ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုလ်းချက်စ်နက်

gettyimages-808288752.jpg

အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၁၀၁ ကြိမ်မြောက် နာသန် ဟော့ဒေါ့စားပြိုင်ပွဲ  (Nathan’s Hot Dog Eating Contest) မှာ ဂျိုးလ် ချက်စ်နက် (Joey Chestnut) ဟာ ဆယ်ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

နာသန်ဟော့ဒေါ့စားပြိုင်ပွဲ ဟာ ၁၀ မိနစ်ကြာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုနေကျွန်း (Coney Island)  မှာ နှစ်စဉ်ကျင်းပလေ့ရှိကာ ကမ္ဘာတစ်ဝှမ်းက အစားအသောက်ချန်ပီယံများ လာရောက်ယှဉ်ပြိုင်လေ့ရှိတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂျိုးလ်ချက်စ်နက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ချန်ပီယံအဖြစ်ကို ဆွတ်ခူးနိုင်ခဲ့ရုံသာမက ဟော့ဒေါ (ဝက်အူချောင်းညှပ် ပေါင်မုန့်) ၇၂ ခုကိုစားကာ ကမ္ဘာ့စံချိန်တင်သွားနိုင်ခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ ကာမန်စင်ကိုတီ (Carmen Cincotti) ဟာ ဟော့ဒေါ့ ၆၈ ခုကို စားပြီး ရပ်တည်နေသလို့ တတိယနေရာမှာတော့ မက်စတုံးနီ (Matt Stonie) က ၄၈ ခုကိုစားကာ ရပ်တည်ခဲ့ပါတယ်။

“နောက်နှစ် ကျွန်တော်ပြိုင်ပွဲဝင်ဖြစ်ဦးမယ်ဆိုရင် ကျွန်တော်စံချိန်ကို ကျွန်တော် ပြန်ချိုးဖို့ ကြိုးစားပါ့မယ်။ ကျွန်တော်က ဒီ အစားအသောက်ပြိုင်ပွဲကို အားကစားပြိုင်ပွဲ တစ်ခုလို ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်တော် လေ့ကျင့်မှုတွေကို ပြုလုပ်ပြီး ပိုမိုတိုးတက်အောင် ကြိုးစားနေပါတယ်။ ” လို့ ဂျိုးလ်ချက်စ်နက်က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ချက်စ်နက်ဟာ စံချိန်တင် ဟော့ဒေါ့ အခု ၇၀ ကိုစားကာ ချန်ပီယံဖြစ်ခဲ့သလို အမျိုးသမီး ဟော့ဒေါ့စားပြိုင်ပွဲမှာတော့ အသက်  ၂၀ အရွယ် မီကီဆူဒို (Miki Sudo) က ၁၀ မိနစ်အတွင်း ဟော့ဒေါ့ ၄၁ ခုကိုစားသုံးကာ ၄ ကြိမ်မြောက်ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

Ref : CBS News : Joey Chestnut wins his 10th Nathan’s Famous Hot Dog Eating Contest

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top