ဒူဘိုင်းမြို့မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် နှစ်နှစ်အတွင်း ဥပဒေထုတ်အရေးယူနိုင်ဖို့ ရည်ရွယ်ပြီး အသုံးပြုတဲ့ပလတ်စတစ်အိတ်တွေအတွက် အခကြေးငွေ စတင်ကောက်ခံမယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဒင်္ဂါးပြား ၆ ဆင့်ကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့မှာ စတင်မယ်လို့ အစိုးရပိုင်ဒူဘိုင်းမီဒီယာရုံးက ထုတ်ပြန်ခဲ့ပါတယ်။ “လူတစ်ဦးချင်းစီရဲ့ ပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှုတွေကို လျှော့ချတဲ့နည်းနဲ့ လူ့အဖွဲ့အစည်းရဲ့အမူအကျင့်တွေကို ပြောင်းလဲခြင်းဖြင့် ရေရှည်တည်တံ့ရေးက တစ်ကမ္ဘာလုံးနဲ့ဆက်စပ်ပြီးမရှိမဖြစ်အရေးပါလာပါပြီ” လို့ အစိုးရက ပြောကြားခဲ့ပါတယ်။
ပလတ်စတစ်ကြောင့် ကုလားအုတ်တွေရော လိပ်တွေရော သေဆုံးနေတာကြောင့် ပိတ်ပင်ဖို့ လိုအပ်တယ်လို့ အစိုးရက ပြောပါတယ်။ အခုဆိုရင် မိုးမျှော်တိုက်တွေများပြားတဲ့ ဒူဘိုင်းမြို့ရှိ ကုန်စုံဆိုင်တချို့က စျေးဝယ်လာတဲ့သူတွေကို ပြန်လည်အသုံးပြုလို့ရတဲ့အိတ်တွေ ယူဆောင်လာဖို့ တိုက်တွန်းလို့နေပါတယ်။
Ref: ABCNews “Dubai to charge for plastic bags, aims to outlaw in 2 years”
WL (ရိုးရာလေး)