ဒွိန်းဂျွန်ဆင် နဲ့ သူ့မိသားစုဝင်တွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ

3-9-2020-yyl-018.jpg

The Rock လို့သိကြတဲ့ နာမည်ကြီးမင်းသားဒွိန်းဂျွန်ဆင်နဲ့ သူ့မိသားစုအကုန်လုံး ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ အသက် (၄၈) နှစ်ရှိပြီးဖြစ်တဲ့ The Rock က သူအပါအဝင် သူ့ဇနီး လော့ရန် ဟာရှီရန် နဲ့ သူ့သမီး (၂) ယောက် တီယားနာ၊ ဂျက်စမင်တို့ COVID-19 ပိုးကူးစက်ခံခဲ့ရကြောင်းနဲ့ အခုတော့ ကျန်းမာရေးကောင်းမွန်နေပြီး တခြားသူတွေကို ရောဂါကူးစက်နိုင်ခြေ မရှိတော့ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

The Rock က COVID-19 ရောဂါပိုးကူးစက်ခံနေရကြောင်းကို သူ့ရဲ့အင်စတာဂရမ်ကနေ “ဒီရောဂါက မိသားစုအနေနဲ့ ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုအများဆုံးနဲ့ အခက်ခဲဆုံးအရာတွေထဲကတစ်ခုဖြစ်တယ်” လို့ ပြောကြားရင်းနဲ့ ကြေညာခဲ့ပါတယ်။ “COVID-19 ရောဂါပိုးစမ်းသပ်တွေ့ရှိတာက မနှစ်မြို့ဖွယ်ကောင်းတဲ့ နာကျင်မှုတွေကနေ ပြန်လည်သက်သာလာတာထက် အတော်လေးကွာခြားပါတယ်။ ကျွန်တော့်ရဲ့နံပါတ် ၁ ဦးစားပေးက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ချစ်တဲ့သူတွေကို အမြဲကာကွယ်ပေးဖို့ပါ။ ပိုးတွေ့တာက ကျွန်တော်တစ်ယောက်တည်းဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းတယ်။ ဒါပေမဲ့ ကျွန်တော့်မိသားစုအကုန်လုံးဖြစ်ခဲ့တယ်။ ကျွန်တော်တို့မိသားစု ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကျန်းမာနေပါပြီ”လို့လည်း The Rock က ပြောပါတယ်။

“အခုဆိုရင် ကျွန်တော်တို့ ဆုတောင်းမေတ္တာပို့သနေရပါတယ်။ COVID-19 မကူးစက်ခံရဖို့ ပိုပြီးသန်မာရမယ်၊ ကျန်းမာရမယ်ဆိုတာ ကျွန်တော်တို့ သိမြင်ခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတချို့လည်းရှိပါတယ်။ ကျွန်တော်တို့ ဆုတောင်းနေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းမွန်နေပါပြီ”လို့ The Rock က ပြောပါတယ်။

ကလေး(၂) ယောက်က ကိုဗစ်ရောဂါလက္ခဏာရပ်နည်းနည်းလေးသာခံစားခဲ့ရပေမယ့် The Rock နဲ့သူ့ဇနီးတို့က ရောဂါလက္ခဏာခံစားရတာ ပြင်းထန်တယ်လို့ ဆိုပါတယ်။ The Rock က COVID-19 ရောဂါပိုးးကို အရင်းနှီးဆုံးမိသားစုဝင် သူငယ်ချင်းတွေဆီကနေ ကူးစက်ခံခဲ့ရတယ်လို့ ယုံကြည်ထားကြပါတယ်။ သူတို့က The Rock ရဲ့အိမ်ကို အလည်လာခဲ့ကြတာပါ။ The Rock က ယုံကြည်ရဆုံးမိသားစုဝင်နဲ့ သူငယ်ချင်းတွေကိုတောင် အိမ်လည်လက်မခံတာအကောင်းဆုံးဖြစ်ပြီး ရောဂါကူးစက်မပျံ့နှံ့ဖို့အတွက် Mask ဝတ်ဖို့ ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။ “Mask ဝတ်ပါ။ ဒါက လုပ်ရမယ့်အရာပါပဲ။ ဒါကို လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”လို့ The Rock က တိုက်တွန်းခဲ့ပါတယ်။

Ref: Dailymail “Dwayne ‘The Rock’ Johnson reveals his ENTIRE family have tested positive for coronavirus… including daughters Jasmine, 4, and Tiana, 2: ‘It was a kick in the gut'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top