ကင်ဆာရောဂါ အခြေအနေကို လက်ရေးမူ စာတစ်စောင်ရေးပြီး ပရိသတ်တွေဆီ ပြောပြခဲ့တဲ့ ကင်ဝူဘင်

kim.jpg

ဒီနှစ်ပြီးခဲ့တဲ့နွေဦးမှာ လည်ချောင်းကင်ဆာ စတင်ခံစားခဲ့ရတဲ့ ကင်ဝူဘင်က ၇ လအတွင်း ပထမဆုံးအကြိမ် သူ့ရဲ့ကျန်းမာရေး အခြေအနေအကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့ မှာ ကင်ဝူဘင်က official fan page ကနေ လက်ရေးမူစာတစ်စောင်ရေးတင်ပြီး သူ့ရဲ့ရောဂါအခြေအနေကိုပြောပြခဲ့ပါတယ်။ “ကျွန်တော်ကင်ဝူဘင်ပါ။ ကျွန်တော်ပထမဆုံးစာကြောင်းစရေးဖို့တောင် ဘောပင်ကိုင်ပြီးအကြာကြီးစဉ်းစားနေရတယ်။ ဒီစာကနေ ပရိသတ်တွေကို နှုတ်ဆက်ရပေမဲ့ ပရိသတ်ရှေ့မှောက်မှာရပ်နေရသလိုမျိူး ကျွန်တော့်ရင်တွေခုန်ပါတယ်။ ပထမဆုံးဆိုတော့ပရိသတ်ကြီးများအံ့ဩသွားလား။ ကျွန်တော်ပရိသတ် အားလုံးကို အချိန်မဆွဲဘဲပြောပြချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ဆေးကုသမှုခံယူပြီး ကျွန်တော့ကိုယ်ကျွန်တော် ဂရုစိုက်နေရတာနဲ့တင် ၇ လဆိုတဲ့ အချိန်ကာလကကုန်သွားခဲ့တယ်။ ကျွန်တော့်နာမည်ကြီး Real-time search မှာပေါ်လာတိုင်းကျွန်တော်ကြောက်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် အချိန်တော်တော်ယူခဲ့ရတယ်ဗျ။ ဒါပေမဲ့လည်း ဒီနှစ် မကုန်ခင်တော့ ကျွန်တော်ဒီသတင်းလေးပြောပြချင်လို့ပါ။ ပထမဆုံးအနေနဲ့ ကျွန်တော့်ပရိသတ်တွေ အသိချင်ဆုံးဖြစ်မယ့် ကျွန်တော့် လက်ရှိကျန်းမာရေးအခြေအနေအကြောင်း ပြောသင့်တယ်ထင်တယ်။ မေလတုန်းက ကျွန်တော်တခါမှ မကြားဖူးခဲ့တဲ့ လည်ချောင်းကင်ဆာရောဂါဖြစ်နေတာ သိခဲ့ရတယ်။ ရုပ်ရှင် ဒါရိုက်တာတွေနဲ့ ကျွန်တော့် စီနီယာ ၊ ဂျူနီယာတွေ ၊ ရုပ်ရှင်အဖွဲ့သားတွေရဲ့ကူညီဖေးမမှုကြောင့် ကျွန်တော်ရုပ်ရှင်ရိုက်ရက်တွေအားလုံးကို ညှိပြီး ကုသမှုခံယူနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကိုအားပေးပြီးဆုတောင်းပေးကြတဲ့လူတွေကြောင့် ကျွန်တော် ဓာတ်ရောင်ခြည်ကုထုံး ၃၅ ကြိမ်အပြင် ကင်ဆာကုထုံး ၃ ခုကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ကျွန်တော့် fan café မှာရေးတင်ထားတဲ့ ပရိသတ်ကြီးရဲ့အားပေးစကားတွေကိုဖတ်ပြီးရပ်တည်နိုင်ခဲ့လို့ကျွန်တော့်ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူး တင်ပါတယ်။ လက်ရှိမှာတော့ကျွန်တော်ကုသမှုခံယူပြီးနောက်ပိုင်း တဖြည်းဖြည်သက်သာလာပါတယ်။ နောက်ဆက်တွဲကုသမှုတွေလည်းခံယူနေဆဲပါ။ ကျွန်တော် ဖြည်းဖြည်းချင်းလမ်းလျှောက်လာနိုင်သလို အစားလည်းပုံမှန်စားနေနိုင်ပြီဖြစ်လို့ တဖြည်းဖြည်းပိုကောင်းလာတယ်လို့ခံစားနေရပါတယ်။ ကျွန်တော် ပရိသတ်အားလုံးကိုတွေ့ဆုံနှုတ်ဆက်ဖို့ဆိုရင်တော့ ဒီထက်ပိုပြီး အချိန်တွေယူရဦးမယ်ဗျ။ ကျွန်တော်အရင်က fan café မှာ ကျန်းမာရေးကအရေးအကြီးဆုံးအရာဖြစ်လို့ကိုယ့်ကိုယ်ကို ဂရုစိုက်ပါလို့ ပရိသတ်ကြီးကိုပြောနေကျပါ။ ဒါပေမဲ့ အဲ့လိုပြောခဲ့တဲ့ ကျွန်တော်က အခုလိုနေမကောင်းဖြစ်နေတော့ကျွန်တော်ရှက်လည်းရှက်မိတယ်ဗျာ။ ဒါကိုအခွင့်အရေးတစ်ရပ်လို့သဘောထားပြီးအရင်ကထက်ပိုပြီး ကျွန်တော့်ကျန်းမာရေးကိုဂရုစိုက်ပြီး ပရိသတ်ကြီးဆီသတင်းကောင်းကြားရအောင်ကြိုးစားပါ့မယ်။ ယခုလက်ရှိချိန်ခါမှာ ခက်ခဲတဲ့ အချိန်တစ်ခုကိုရင်ဆိုင်နေကြရတဲ့ လူတွေနဲ့ သူတို့မိသားစုဝင်တွေအားလုံးကိုလည်း နှစ်သစ်မှာ အကောင်းဆုံးတွေပဲဖြစ်လာပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ။ တစ်နေ့မှာတော့ ကျွန်တော်ဘာမှမဖြစ်ခဲ့သလိုမျိုး ကျန်းကျန်းမာမာနဲ့ပြန်လာခဲ့ပါ့မယ်။”

May Moe (ရိုးရာလေး)

Ref : Allkpop : Kim Woo Bin posts a sincere handwritten letter

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top