ဆင်းဒ်ဝစ်ချ်လာပို့ဖို့အချိန်ကြာလွန်းလို့ စားပွဲထိုးကိုသေနတ်နဲ့ပစ်သတ်

69135632_2548742098490028_6073511376372891648_n.jpg

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ ပီဇာနဲ့ ဆန်းဒဝစ်ချ်ဆိုင်မှာ ဆန်းဒဝစ်ချ်မှာထားပြီး စောင့်ရတာအချိန်ကြာလွန်းလို့ ဒေါသထွက်လာတဲ့စားသုံးသူက စားပွဲထိုးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းက ပဲရစ်မြို့အရှေ့ပိုင်း နွယ်ဆီလိုဂဟွန်ဆင်ခြေဖုံးဒေသမှာ အခုလိုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သံသယရှိသူကထွက်ပြေးနေပြီး အခုအချိန်အထိ ဖမ်းမမိသေးပါဘူး။

အသက် (၂၈) နှစ်အရွယ်စားပွဲထိုးဟာ ပခုံးမှာကျည်ဆန်ထိမှန်ခဲ့ပြီး အရေးပေါ်အဖွဲ့က သူ့ကို အသက်ကယ်ဖို့ကြိုးစားခဲ့ပေမဲ့ အခင်းဖြစ်ပွားရာနေရာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ စားသုံးသူက မှာထားတာအချိန်ကြာလာ ပေမဲ့ ဆန်းဒဝစ်ချ်ရောက်မလာသေးလို့ ဒေါသထွက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပုံပေါ်တယ်လို့ သေဆုံးသူရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ အခင်းဖြစ်ပွားရာဒေသမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လမ်းပေါ်ထွက်အရက်သေစာသောက်စားမှုတွေ မြင့်တက်လာပြီး ရာဇဝတ်မှုထူပြောလာတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top