ဗီယက်နမ်တွင်ကျင်းပမည့် ONE: IMMORTAL TRIUMPH ၌ ပါဝင်မည့် တွဲဆိုင်းသစ် (၇) ဆိုင်း

unnamed-89.jpg

ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship သည် ဟိုချီမင်းမြို့တွင်ပြုလုပ်မည့် ONE Super Series ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့်ထိပ်တန်းကစားသမားများ၏ တွဲဆိုင်းအချို့ကို အတည်ပြုကြေညာလိုက်သည်။ စက်တင်ဘာလ (၆) ရက်တွင်ပြုလုပ်မည့် ONE: IMMORTAL TRIUMPH ပြိုင်ပွဲမှာ ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့်ပြိုင်ပွဲဖြစ်ပြီး ထိပ်တန်းမွေထိုင်း အားကစား သမားများနှင့် Kick Boxing အားကစားသမားများ အကြိတ်အနယ်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယှဉ်ပြိုင်ကြမည့်အားကစားသမားများမှာ သက်ဆိုင်ရာနိုင်ငံများ၏ အကောင်းဆုံးအားကစားသမားများဖြစ်သလို ကမ္ဘာ့ချန်ပီယံများလည်းပါဝင်နေသည်။ အချို့က ပရိသတ်များနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သလို အခြားကစားသမားများမှာလည်း ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းတွင် မြေစမ်းခရမ်းပျိုးအနေဖြင့် ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Phu Tho Indoor Stadium တွင်ကျင်းပမည့်ပြိုင်ပွဲ၌ စိတ်ဝင်စားစရာအကောင်းဆုံးတွဲဆိုင်းမှာ အမျိုးသမီးအက်တမ်ဝိတ်တန်း မွေထိုင်းတွဲဆိုင်းအဖြစ်ယှဉ်ပြိုင်မည့် ဗီယက်နမ်-အမေရိကန်ကစားသမား Bi “Killer Bee” Nguyen နှင့် အိန္ဒိယကစားသမား Puja “The Cyclone” Tomar တို့ပင်ဖြစ်သည်။ ဗီယက်နမ်ဖွား Nguyen သည် မွေးရပ်မြေတွင် ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ မွေထိုင်းကစားနည်းဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ လောကသို့ စတင်ဝင်ရောက်လာသော ၎င်းသည် ONE Super Series ပြိုင်ပွဲများတွင်လည်း အလိုက်သင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူ့ဖြစ်သည်။ ၎င်းနှင့်ယှဉ်ပြိုင်ရမည့် Tomar မှာ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်သည့် အိန္ဒိယဝူရှူးချန်ပီယံတစ်ယောက်ဖြစ်သလို ကိုယ်ခံပညာ သိုင်းပေါင်းစုံနည်းစနစ်ဖြင့်ယှဉ်ပြိုင်ရာတွင်လည်း ၂၀၁၉ ခုနှစ်အတွင်း ရလဒ်ကောင်းပိုင်ဆိုင်ထားသည်။ ထို့ကြောင့် Nguyen နှင့် Tomar တို့၏တွဲဆိုင်းမှာ အကြိတ်အနယ်ရှိလာမည့်တွဲဆိုင်းတစ်ခုဖြစ်သည်။

အခြားပွဲကောင်းတစ်ပွဲက လိုက်ဟဲဗီးဝိတ်တန်း Kick Boxing တွဲဆိုင်းဖြစ်သည်။ ဘရာဇီးလ်ကစားသမားဖြစ်သူ Anderson “Braddock” Silva မှာ ONE Championship တွင် ပွဲဦးထွက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲ၌ ပထမအချီမှာပင် သြစတြေးလျကစားသမား Andre “The Giant” Meunier ကို ညာလက်သီးတစ်ချက်တည်းဖြင့်အနိုင်ရခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်က ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်သော ONE: ROOTS OF HONOR ပြိုင်ပွဲ၌ ပါဝင်သော ၎င်းတို့နှစ်ယောက်၏တွဲဆိုင်းက ယခုနှစ်၏ အကောင်းဆုံးအလဲထိုးပွဲများအနက် တစ်ပွဲအပါအဝင်ဖြစ်သည်။ ဒုတိယပွဲစဉ် အဖြစ်ယှဉ်ပြိုင်သော ONE: LEGENDARY QUEST ပြိုင်ပွဲတွင်မူ Silva မှာ မော်ရိုကိုအားကစားသမား Tarik “The Tank” Khbabez ကို (၃) ချီအပြည့်ယှဉ်ပြိုင်ကာ ဒိုင်အဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၏ အံ့အားသင့်စရာ အကောင်းဆုံးတွဲဆိုင်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ Silva သည် ONE Championship တွင် တတိယမြောက်ပွဲစဉ်အဖြစ် မျိုးဆက်သစ်အားကစားသမားတစ်ဦးဖြစ်သူ ရုရှား ကစားသမား Beybulat Isaev နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ WMC ကမ္ဘာ့ချန်ပီယံ Isaev မှာ တိုက်စစ်ဗျူဟာ ကောင်းမွန်သည့်ကစားသမားဖြစ်ရာ Silva နှင့်ရင်ဆိုင်ရမည့်တွဲဆိုင်းက ပရိသတ်များအား ဖျော်ဖြေမှုအပြည့်အဝ ပေးစွမ်းနိုင်မည်က သေချာနေသည်။

ONE: IMMORTAL TRIUMPH ပြိုင်ပွဲတွင် အဓိကခေါင်တွဲဆိုင်းက ONE ဘင်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Nong-O Gaiyanghadao ၏ ဒုတိယမြောက်ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ အယ်လ်ဂျီးရီးယားအားကစားသမား Brice “The Truck” Delval နှင့် ယှဉ်ပြိုင်မည့်တွဲဆိုင်းဖြစ်သည်။ ဒုတိယခေါင်တွဲဆိုင်းက မွေထိုင်းဘင်တန်ဝိတ်တန်းတွဲဆိုင်း အဖြစ်ယှဉ်ပြိုင်ကြမည့် ထိုင်းအားကစားသမား Saemapetch Fairtex နှင့် ပြင်သစ်အားကစားသမား Rafi Bohic တို့ တွဲဆိုင်းဖြစ်သည်။

အသစ်ပါဝင်မည့် အတည်ပြုတွဲဆိုင်း (၇) ဆိုင်း

  • ၁။ Kulabdam Sor. Jor. Piek Uthai vs. Bobo Sacko (ONE Super Series Muay Thai – bantamweight)
  • ၂။ Santino Verbeek vs. Juan Cervantes (ONE Super Series kickboxing – welterweight)
  • ၃။ Beybulat Isaev vs. Anderson Silva (ONE Super Series kickboxing – light-heavyweight)
  • ၄။ Singtongnoi Por Telakun vs. Kohei “Momotaro” Kodera (ONE Super Series Muay Thai – flyweight)
  • ၅။ Mongkolpetch Petchyindee Academy vs. Joseph Lahiri (ONE Super Series Muay Thai – flyweight)
  • ၆။ Bi Nguyen vs. Puja Tomar (ONE Super Series Muay Thai – women’s Atomweight)
  • ၇။ Chris Nguyen vs. Yukinori Ogasawara (ONE Super Series Muay Thai – flyweight)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top