ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး စီးရီးအေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဒီဘားလား ဆွတ်ခူး

5-8-2020-yyl-010.jpg

ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘားလားဟာ ဂျူဗင်တပ်အသင်းဖော် ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ၂၀၁၉-၂၀ ရာသီ စီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပါတယ်။ ဒီဘားလားဟာ ၂၀၁၉-၂၀ ရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ၃၃ ပွဲ ကစားပြီး ၁၁ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးနိုင်ခဲ့သူပါ။ ၂၀၁၈-၁၉ ရာသီမှာ ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ ဒီဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း မရှိပါဘူး။ ရော်နယ်ဒိုဟာ စီးရီးအေမှာ ၃၁ ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ လာဇီယိုတိုက်စစ်မှူး အမ်မိုဘိုင်းထက် ၅ ဂိုးနည်းခဲ့လို့ စီးရီးအေဂိုးသွင်းဘုရင်ဆုကို လက်လွှတ်ဆုံးရှုံးခဲ့ပါတယ်။

ဂျူဗင်တပ်အသင်း ခေါ်ယူထားတဲ့ ကစားသမားသစ် ကူလူဆက်စကီကတော့ ပါးမားအသင်းမှာ အငှားသွားရောက်ကစားနေတုန်း ခြေစွမ်းပြနိုင်ခဲ့လို့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်ဂိုးသမား ရှက်ဇီနီက အကောင်းဆုံးဂိုးသမားဆု၊ အင်တာမီလန်နောက်ခံလူ စတီဖန်ဒီဗရိုင်းက အကောင်းဆုံးခံစစ်မှူးဆု၊ အတ္တလန္တာကွင်းလယ်လူ ပါပူဂိုမက်ဇ်က အကောင်းဆုံးကွင်းလယ်ကစားသမားဆု၊ လာဇီယိုတိုက်စစ်မှူး အမ်မိုဘိုင်းက အကောင်းဆုံး တိုက်စစ်မှူးဆု ဆွတ်ခူးခဲ့ကြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top