ဆိုးလ်ရှားရဲ့ အစီအစဉ်မှာမပါတဲ့ ဆန်းချက်ဇ်ကို မန်ယူ အငှားချမယ်

hh5-e1552462877383.jpg

မန်ယူအသင်းဟာ အသင်းရဲ့လုပ်ခလစာ အများဆုံး ကစားသမား ဆန်းချက်ဇ်ကို အငှားချဖို့ စီစဉ်နေပြီလို့ ဒေးလီးမေးလ်းသတင်းစာက ဖော်ပြပါတယ်။ အမ်ခီတာရန်နဲ့ အလဲအထပ်စာချုပ်အရ မန်ယူကို ပြောင်းရွှေ့လာခဲ့တဲ့ ဆန်းချက်ဇ်ဟာ (၄၁) ပွဲကစားရာမှာ (၅) ဂိုးပဲ သွင်းနိုင်ခဲ့ပြီး ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပါတယ်။ သူဟာ ယူနိုက်တက်မှာ အသားတင် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေပြီး ပုံရိပ်အသုံးပြုခ ထပ်ပေါင်းရင် ပေါင် ၄၅၀၀၀၀၊ ဆုကြေးခံစားခွင့် ထပ်ပေါင်းရင် ပေါင် ၆၀၀၀၀၀ အထိ ရရှိနေသူပါ။

မန်ယူအသင်းက ယာယီနည်းပြ ဆိုးလ်ရှားကို တရားဝင်နည်းပြခန့်ဖို့ စီစဉ်နေပြီး ဆိုးလ်ရှားရဲ့ အနာဂတ်စီမံကိန်းမှာ ဆန်းချက်ဇ် ပါဝင်ခြင်းမရှိလို့ သူ့ကို အငှားချတော့မယ်လို့ ဆိုပါတယ်။ ဆန်းချက်ဇ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့လို့ အနားယူနေရပြီး အခြေအနေဆိုးရွားရင် (၂) လလောက် အနားယူရဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top