ဂျပန်မှာ ပြင်းအား ၇.၃ မဂ္ဂနီကျူ့စ် အင်အားပြင်းငလျင် လှုပ်ခတ်

17-2-2022-yyl07.jpg

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြင်းအား ၇.၃ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခဲ့လို့ လူ ၂ ယောက် သေဆုံးပြီး အနည်းဆုံး လူ ၉၀ ဒဏ်ရာရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်က ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖို ပြိုလဲစေခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ရာ ဒေသမှာ အခုလို ငလျင်လှုပ်ခတ်မှု ကြုံခဲ့တာပါ။

ငလျင်ကြောင့် လူ ၂ သန်းလောက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံတွေ့ခဲ့ပါတယ်။ တချို့နေရာတွေမှာ လှုပ်ခတ်မှု ပြင်းထန်ခဲ့လို့ လူတွေ မတ်တတ်တောင် မရပ်နိုင်ခဲ့ပါဘူး။ မြို့တော် တိုကျိုမြို့မှာ အဆောက်အအုံတွေ လှုပ်ယမ်းသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ည ဒေသစံတော်ချိန် ည ၁၁း၃၆ မိနစ်မှာ မြေအောက်အနက် ၃၅.၄ မိုင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် ဖူကူရှီးမားမြို့မြောက်ပိုင်းမှာ ကျည်ဆန်ရထားတစ်စီး လမ်းချော်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရမှုစာရင်းကိုတော့ မသိရသေးပါဘူး။

ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းဒေသတချို့မှာ အမြင့် ၃.၃ ပေရှိတဲ့ ဆူနာမီလှိုင်းလုံးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ အခုအခါမှာတော့ ဆူနာမီ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းသွားပါပြီ။

Ref: BBC “Earthquake: Two dead after Japan hit by tremor”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top