သားသားမီးမီးတွေ လက်ဆေးချင်စိတ် ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

17-8-2020-yyl-001.jpg

ကပ်ရောဂါကာလအတွင်းမှာ လက်ဆေးရတဲ့ အကြိမ်အရေအတွက်က တိုးလာခဲ့ပါတယ်။ ကလေးတွေက ပါးစပ်၊ နှာခေါင်း၊ မျက်နှာတွေကို လက်နဲ့ထိတွေ့တတ်တဲ့ အကျင့်ရှိကြပါတယ်။ ဒီအကျင့်က ကလေးတွေရဲ့ခန္ဓာကိုယ်ထဲကို ရောဂါပိုးမွှားတွေ ဝင်လာစေနိုင်ပါတယ်။ သေချာလက်ဆေးဖို့အတွက် မိဘတွေက သားသမီးတွေကို သင်ပေးထားပေမယ့်လည်း သူတို့ကို လက်ဆေးဖို့ ခဏခဏတိုက်တွန်း ပြောဆိုနေရတာက တာဝန်တစ်ခုလိုဖြစ်နေပါတယ်။ ကလေးတွေကို လက်မဆေးချင်သလို ဖြစ်နေရင် သူတို့ လက်ဆေးချင်စိတ်ဖြစ်သွားအောင် လုပ်ပေးသင့်ပါတယ်။ ဒါမှ သူတို့ လက်ဆေးရတာ ပျော်မှာဖြစ်ပါတယ်။ မိဘတွေက ကလေးတွေ လက်ဆေးရတာပျော်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုရင်

သူတို့အတွက် လက်ဆေးရတာ လွယ်အောင်လုပ်ပေးပါ

ကလေးတွေက လက်ဆေးဖို့အတွက် ဘေစင်ကို မှီဖို့ အရမ်းငယ်လွန်းကြပါတယ်။ ရေခလုတ်ကို ဖွင့်တဲ့အခါတိုင်း အခက်အခဲရှိတဲ့အတွက် သူတို့ လက်မဆေးချင်ကြတဲ့ အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ ဘေစင်ကို မှီဖို့အတွက် ခုံထားပေးထားတာက ကလေးတွေအတွက် လက်ဆေးဖို့လွယ်ကူစေမယ့် နည်းလမ်းဖြစ်နိုင်ပါတယ်။ ခုံထားပေးထားတာက ကလေးအတွက် အန္တရာယ်များတယ်လို့ ထင်ရင် မိဘတွေက ကလေးတွေ သဘောကျမယ့် အရုပ်လေးတွေနဲ့ ဆွဲဆန့်လို့ရတဲ့ဘုံပိုင်ခေါင်းကို အသုံးပြုလို့ရပါတယ်။

ချစ်ဖို့ကောင်းတဲ့ အရာဝတ္ထုတွေထားရှိပါ

ကလေးတွေက အရောင်တောက်ပြီးချစ်ဖို့ကောင်းတဲ့ အရာတွေကို စိတ်ဝင်စားတတ်ကြပါတယ်။ ချစ်စရာကောင်းတဲ့ကာတွန်းပုံလေးနဲ့ လက်ဆေးရည်ပုလင်းကို ဘေစင်မှာ ထားပေးထားပါ။ ဒီနည်းက သင့်ကလေးကို မကြာခဏ လက်ဆေးအောင် တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

ကလေးတွေမြင်အောင် ရုပ်ပုံဆွဲပြဖို့ ကြိုးစားကြည့်ပါ

ကလေးရဲ့အကူအညီကို ယူပြီး လက်ကို စနစ်တကျလက်ဆေးနည်းကို သရုပ်ဖော်တဲ့ လက်ဆေးနည်းဇယားပုံဆွဲပါ။ အစားမစားခင်၊ စားပြီး လက်ဆေးတာ၊ အိပ်သာဝင်ပြီး လက်ဆေးတာတွေပြထားတဲ့ပုံလည်း ပါအောင် ရေးဆွဲကြည့်ပါ။ ဒီဇယားအတိုင်း သေချာလိုက်လုပ်မယ်ဆိုရင် ဆုချမယ်လို့ သင့်ကလေးကို ပြောလို့ရပါတယ်။

အလေ့အကျင့်လုပ်ပေးပါ

ကလေးတွေက မိဘတွေလုပ်တဲ့အရာတွေကိ အတုခိုးတတ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားကြပါတယ်။ ဒါကြောင့် သင်က ရှေ့ကနေ လက်ဆေးတဲ့အလေ့အကျင့်ရှိပြရင် ကလေးတွေကို သင်ပေးဖို့ လွယ်ကူသွားပါလိမ့်မယ်။ ကလေးတွေက အကြားထက် စူးစမ်းတဲ့နေရာမှာ ပိုတော်ကြပါတယ်။ ဒါကြောင့် မိဘတွေက ကလေးတွေအတွက် လက်ဆေးတဲ့အလေ့အကျင့်နဲ့ပတ်သက်ပြီး စံပြနမူနာကောင်းဖြစ်အောင် လုပ်လိုက်ပါ။

စာအုပ်တွေကနေတဆင့် လက်ဆေးခြင်းရဲ့ အရေးကြီးမှုကို နားလည်အောင်သင်ပေးပါ

စာအုပ်တွေနဲ့ ပြပြီး သင်ပေးတာက ကလေးတွေ နားလည်ဖို့ လွယ်ကူစေပါတယ်။ ရောင်စုံစာအုပ်တွေကလည်း ကလေးတွေရဲ့စိတ်ကို အရမ်းသက်ရောက်မှုရှိပါတယ်။ ဘာဆိုလိုချင်တာလည်းဆိုတာကိုလည်း ကလေးတွေနားလည်ဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

လက်ဆေးရင်း သီချင်းဆိုခိုင်းပါ

ကလေးတွေကို အချိန်အကြာကြီးလက်ဆေးအောင် ကူညီပေးမယ့် ကလေးအကြိုက်သီချင်းတွေကို ဆိုခိုင်းပါ။ သင်က သူတို့အကြိုက်သံစဉ်၊ သီချင်းတွေကိုလည်း စာရွက်ထုတ်ပြီး ဘေစင်ရှေ့မှာ ထားပေးထားလို့ရပါတယ်။ ဒါက သင့်ကလေး လက်ဆေးတဲ့အခါ အချိန်ကြာကြာဆေးအောင် ကူညီပေးမှာဖြစ်ပါတယ်။

Ref: Easy ways to make hand washing fun for kids

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top