လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ Digital Platform မှာလည်း မျှတဖို့ လိုတယ် လို့ဆို

localnews033.jpg

COVID-19 ရောဂါအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ အခုလိုကာလမျိုးမှာ Digital Platform ကိုပဲ အားကိုးနေရတဲ့ အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် Digital Platform မှာလည်း မျှတဖို့လိုတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ပြောပါတယ်။

လက်ရှိမှာတော့ UBP ပါတီအနေနဲ့ လူမှုကွန်ရက်(Facebook)ကို အသုံးပြုပြီး ပါတီစည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ သာမန်အင်တာဗျူးလိုဟာမျိုးတွေမှာတောင် Boost လုပ်ဖို့ အခက်အခဲဖြစ်လာတာတွေ တွေ့လာရပြီဖြစ်တဲ့အတွက် သံသယဖြစ်ဖွယ် ရှိလှပါတယ်လို့ ၎င်းက ဆိုပါတယ်။

”အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပါ။ အခြားပါတီတွေလည်း ရင်ဆိုင်နေရပါတယ်။ Boost လုပ်ခွင့်က အခြား ကဏ္ဏမှာရပြီး နိုင်ငံရေးကဏ္ဏမှာ မရဘူးဆိုတာက စဉ်းစားစရာဖြစ်လာတယ်။ ဒါက အစိုးရနဲ့ သက်ဆိုင်လား၊ မသက်ဆိုင်ဘူးလားဆိုတာကတော့ သေသေချာချာ ပြောလို့ မရဘူး”လို့ ဒေါ်စုစုလှိုင်က ပြောပါတယ်။

အခုလိုမျိုးပြဿနာတွေကြောင့် Digital Platform မှာ မျှတသောယှဉ်ပြိုင်မှုဖြစ်အောင် ဘယ်လိုများကူညီ အားပေးမလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပါတီတွေ အသေအချာ ဆွေးနွေးပြီး မျှတအောင်ဆောင်ရွက်ပေးဖို့ တိုက်တွန်း သွားရမှာ ဖြစ်တယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုထားပေမယ့် စုဝေးဟော ပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခွင့်ကိုတော့ ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top