ကားမောင်းသင်တန်းကို အကြိမ် ၁၀၀၀ တက်ခဲ့ပေမဲ့တစ်ခါမှ မအောင်မြင်ခဲ့သူ

24-8-2021-yyl01.jpg

အင်္ဂလန်နိုင်ငံက မိခင်တစ်ဉီးဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းကစပြီး ကားမောင်းသင်တန်းကို တက်လာခဲ့တာ အကြိမ် ၁၀၀၀ ရှိနေပါပြီ။ ဒါပေမဲ့ ကားထဲ ဝင်ပြီး ကားမောင်းလိုက်တာနဲ့ သတိမေ့မျောသွားတာကြောင့် ကားမောင်းစစ်ဆေးခြင်းကို တစ်ခါမှ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ အစ်ဇဘယ် စတက်မန်း (Isabelle Stedman) ဆိုတဲ့ အဲဒီမိခင်ဟာ သူ့အသက် ၁၇ နှစ်မှာ ကားမောင်းသင်တန်းကို ပထမဆုံးအကြိမ်တက်ခဲ့တာပါ။ အဲဒီကတည်းက သူဟာ ကားမောင်းသင်တန်းရဲ့ကားမောင်းစစ်ဆေးခြင်းကို အောင်မြင်ဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။

အခု အသက် ၄၉ နှစ်ပြီဖြစ်တဲ့ အစ်ဇဘယ်အတွက် ကားမောင်းစစ်ဆေးခြင်းကို အောင်မြင်ဖို့အတွက် အခက်အခဲဖြစ်လို့နေပါတယ်။ နှစ်တော်တော်ကြာ ကားမောင်းသင်တန်းတွေအတွက် သူက ပေါင် ၁၀,၀၀၀ကျော် ကုန်ကျခံခဲ့ရပေမဲ့ အခုထိ တစ်ခါမှ အောင်မြင်မှုမရရှိသေးပါဘူး။ “ကျွန်မ ကားမောင်းတာကို နှစ် ၃၀ လောက် သင်ယူနေခဲ့ရတာ။ ဒါပေမဲ့ ကားထဲ ဝင်လိုက်တဲ့အခါတိုင်း အရင်က ကားထဲ မဝင်ခဲ့ဘူးသလို ခံစားခဲ့ရပြီး ကြောက်ရွံ့လာတယ်” လို့ အစ်ဇဘယ်က ဆိုပါတယ်။

“ကျွန်မ ဒါကို နားမလည်ဘူး။ ဒါပေမဲ့ ကျွန်မ အရမ်းစိုးရိမ်စိတ်များလာပြီး အဲဒီစိတ်ကြီးက ကျွန်မရဲ့ဉီးနှောက်ကို လွှမ်းမိုးနေသလိုပဲ။ စက္ကန့်အနည်းငယ်လေးနဲ့ သတိမေ့မျောသွားတော့တာပဲ။ ကားကို ဝေ့ဝိုက်မောင်းတာက အဆိုးဆုံးပဲ။ ကျွန်မ နိုးလာတဲ့အချိန် လမ်းဘေးနားရောက်နေပါတယ်။ ကားမောင်းသင်ကြားပေးသူက ကားစတီယာဘီးကို ကိုင်ထားနေတဲ့အတွက်ကြောင့်ပါ။ အဲဒီလိုနဲ့ပဲ ကျွန်မ မျက်ရည်တွေနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ကျွန်မ ကားမောင်းနိုင်ဖို့ အပြင်းအထန်ကြိုးစားပါတယ်။ ဒါမှ ကျွန်မရဲ့သမီးကို တက္ကသိုလ်လိုက်ပို့နိုင်သလို မိသားစုကို ကားနဲ့ အလည်အပတ်ပို့နိုင်မှာပါ။ ဒါပေမဲ့ ကားမောင်းမသင်ဘူးသလိုကြောက်ရွံ့နေတယ်” လို့ အစ်ဇဘယ်က ပြောပါတယ်။

သူ့ထက်အရင် သူ့ရဲ့ကလေးတွေက ကားမောင်းသင်တန်းရဲ့စစ်ဆေးမှုကို သေချာပေါက်အောင်မြင်မှာဖြစ်တယ်လို့လည်း အစ်ဇဘယ်က ဆိုထားပါတယ်။

Ref: Ladbible “Mum Has Taken 1,000 Driving Lessons But Never Passed”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top