အချစ်နဲ့ အကြမ်း နှစ်မျိုး ပေါင်းစပ်ထားတဲ့ Ghajini ဇာတ်ကား

gh.jpg

Aamir Khan ရဲ့ ဇာတ်လမ်းကောင်းတွေ များစွာထဲမှ Ghajini ဆိုတဲ့ ဇာတ်ကားဟာ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဇာတ်ကား ထွက်ရှိတာ ကြာပြီဖြစ်ပေမယ့် ခုထိ အသက်ဝင် ကောင်းနေဆဲ့ ဇာတ်ကားတစ်ကားပါ။ အစပိုင်းမှာ ကြည့်လိုက်ရင်တော့ ဇာတ်ကြမ်းကား တစ်ခုလို့ ထင်ရပေမယ့် နောက်ပိုင်းမှာ အလွမ်းတွေ အဆွေးတွေ များစွာကို နက်နက်နဲနဲ ထည့်ထားပါတယ်။ ပြီးတော့ ရင်နာစရာ ဇာတ်လမ်းလေး တစ်ပုဒ်လိုမျိုးပဲ ချစ်သူနှစ်ဦး တစ်ယောက်က သေသွားပြီး တစ်ယောက်က ရှင်ရက်နဲ့ လွမ်းဆွေးကာ ကျန်နေခဲ့တာဟာ ကတယ့် ရင်နစ်စရာလေးပါ။

ဇာတ်လမ်းထဲမှာ Aamir Khan ဟာ အောင်မြင်ကျော်ကြားပြီး အရမ်းချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် လူဆိုးတွေရဲ့ ရက်စက်မူကြောင့် တစ်သက်တာ ဖျောက်လို့ မရတဲ့ ၁၅ မိနစ်တစ်ကြိမ် မေ့တတ်တဲ့ ဒဏ်ရာကြီးနဲ့ ဘဝကို အသက်ရှင်နေရပါတယ်။ ချစ်သူကို အသတ်ခံရပြီး နောက်ပိုင်း ကလဲ့စာခြေဖို့ အတွက် အခန်းကျဉ်းလေးထဲမှာ အသက်ရှင်ရင်း တစ်နေ့တာ သွားလာလှုပ်ရှား မူတွေကို ဓာတ်ပုံလေးတွေက ကူညီပေးပါတယ်။ ဓာတ်ပုံလေးတွေဟာ သူ့ရဲ့ မှတ်ဥာဏ် တစ်ခုလို ဖြစ်နေတာကို ဖန်တီးပုံဖော်ထားပါတယ်။

ဇာတ်ကားတစ်ကားလုံး စိတ်လှုပ်ရှားဖွယ် အပြည့်နဲ့ ဖြစ်နေပြီး ဇာတ်ကားဟာ ကြိုတင် တွေးစလို့ မရတဲ့ အခန်းကဏ္ဍမျိုးတွေကို များစွာထည့်သွင်းထားပါတယ်။ Aamir Khan ရဲ့ ပရိသတ်တွေ အတွက်ကတော့ ဒီကားလေးဟာ တကယ်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top