တင်းနစ်အကျော်မော် ဖက်ဒရာကိုကျော်ကာ စီရော်နယ်ဒိုက ဥရောပအကောင်းဆုံး အားကစားသမားဆုရရှိ

894741748.jpg

ရီးရဲမက်ဒရစ်အသင်းမှ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒို ဟာ ကမ္ဘာကျော်တင်းနစ်သမား ဖက်ဒရာကို ကျော်ဖြတ်ပြီး ဥရောပအကောင်းဆုံး အားကစားသမားဆု (Best European Sportsperson) ကို ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။

စီရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ရီးရဲမက်ဒရစ်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်မှုတွေကြောင့် အခုလိုမျိုး ဂုဏ်ထူးဆောင်ဆု အတွက် ရွေးချယ်ခံရတာဖြစ်ပါတယ်။ အဆိုပါ ဆုကို ပိုလန် PAP အေဂျင်စီက ပေးအပ်ချီးမြင့်တာဖြစ်ပြီး ၁၉၅၈ ခုနှစ်တည်းက စတင်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဆုအတွက် နိုင်ငံတကာသတင်းအေဂျင်စီ ၂၆ ခုနှစ် ဆန္ဒမဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ ၂၀၁၇ ခုနှစ်အတွင်း မှာ လာလီဂါချန်ပီယံဆု၊ ချန်ပီယံလိဂ် ချန်ပီယံ ဆု နဲ့ ကမ္ဘာကလပ်ချန်ပီယံဆုတွေရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကမ္ဘာအကောင်းဆုံးဘောလုံးသမား ဆုကိုလည်း ၅ ကြိမ်မြောက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် စီရောနယ်ဒို ဟာ အဆိုပါ ဆုအတွက် ရမှတ် ၁၅၉ မှတ် ရဲ့ ဥရောပ အကောင်းဆုံးအားကစားသမားအဖြစ် မဲပေးရွေးချယ်ခံရတာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့နောက်မှာ ဖော်မြူလာ ဝမ်း ပြိုင်ကားမောင်းသမား လူးဝစ် ဟာမီတန် က ရမှတ် ၁၄၃ မှတ်နဲ့ ဒုတိယ၊ တင်းနစ် အကျော်အမော် ဖက်ဒရာ ကရမှတ် ၁၂၄ မှတ်နဲ့ တတိယနေရာမှာရှိနေခဲ့ပါတယ်။ ကောင်းထက်ငွေ (ရိုးရာလေး) Ref : Metro : Cristiano Ronaldo Best European Sportsperson award

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top