ပလတ်စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်တားမြစ်ရင်းနဲ့ ၂၀၂၀ခုနှစ်ကို စတင်လိုက်တဲ့ ထိုင်းနိုင်ငံ

yyl-041.jpg

ထိုင်းနိုင်ငံကတော့ စတိုးဆိုင်တော်တော်များများမှာ ပလတ်စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်တားမြစ်ရင်းနဲ့ နှစ်သစ် ၂၀၂၀ခုနှစ်ကို စတင်ခဲ့တာပါ။ ပင်လယ်ထဲမှာ အပျက်အစီးများတာ၊ ပလတ်စတစ် အမှိုတွေရှိနေတာကို လျော့ချဖို့အတွက် ၂၀၂၁ခုနှစ်မှာ ပြီးမြောက်ရမယ်ဆိုတဲ့ အစိုးရက မိတ်ဆက်ပေးထားတဲ့ Campaign ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပလတ်စတစ်အမှိုက်တွေကြောင့် တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်ဆုံးရှုံးမှုတွေကို ပြည်သူတွေက သိမြင်လာခဲ့ပါပြီ။ ပလတ်စတစ်အမှိုက်ကြောင့် တိရစ္ဆာန်တွေရဲ့ အစာခြေစနစ်ကို ထိခိုက်မိပြီး သေဆုံးမှုတွေရှိခဲ့တာပါ။

ထိုင်းနိုင်ငံက ပင်လယ်ထဲကို အမှိုက်သရိုက်တွေပစ်တဲ့ ကမ္ဘာ့ထိပ်ဆုံး နိုင်ငံတွေထဲမှာ နံပါတ် (၆) နေရာကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၅) လအတွင်းမှာ နံပါတ် (၁၀) နေရာကို ထိုးကျသွားခဲ့ပါတယ်။ အခုလို အဆင့်နိမ့်သွားတာက ပြည်သူတွေရဲ့ ပူပေါင်းပေးမှုကြောင့်ဖြစ်တယ်လို့ သဘာဝသံယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံက ဆိုင်တွေက ပလတ်စတစ်အိတ်ပေးရင် ငြင်းဖို့ စာသုံးသူတွေကို တိုက်တွန်းရင်းနဲ့ ပလတ်စတစ်မအသုံးပြုမှု (၂)ဘီလျံလောက် လျော့ချခဲ့ပါတယ် ဟင်းသီးဟင်းရွက်နဲ့ သားစိမ်းငါးစိမ်း ရောင်းတဲ့ဈေးတွေနဲ့ ကျေးလက်ဒေသတွေမှာ အသုံးပြုတဲ့ ပလတ်စတစ်အိတ်တွေက (၄၀) ရာခိုင်နှုန်းလောက် ရှိနေဦးမှာဖြစ်ပါတယ်။ အဲဒီလူတွေရဲ့အမြင်နဲ့ အပြုအမှုတွေကို ပြောင်းလဲဖို့ မလွယ်ကူနိုင်ဘူးလို့ ဝန်ကြီးက ဆိုပါတယ်။

Ref: Thailand kicks off 2020 with plastic bag ban

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top