ရုရှားပညာရှင်တွေရဲ့ အကူအညီယူပြီး ဟိုချီမင်းရဲ့ ဆေးစိမ်ရုပ်အလောင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စီစဉ်

64527852_2438795109484728_5938163268815159296_n.jpg

ဗီယက်နမ်နိုင်ငံဟာ ရုရှားပညာရှင်တွေရဲ့ အကူအညီယူပြီး ဟိုချီမင်းရဲ့ ဆေးစိမ်ရုပ်အလောင်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စီစဉ်နေပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဟိုချီမင်းဟာ ၁၉၆၉ ခုနှစ်က ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို မပုပ်မသိုးအောင် ဆေးစိမ်ထားပါတယ်။ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ Lenin Lab အဖွဲ့အကူအညီယူပြီး နိုင်ငံတည်ထောင်သူခေါင်းဆောင်တွေရဲ့ ရုပ်အလောင်းတွေကို မပုပ်မသိုးအောင် ဆေးစိမ်ထားကြပါတယ်။

၁၉၂၄ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင် လီနင် သေဆုံးခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို အများပြည်သူတွေ လာရောက်ကြည့်ရှုချိန်မှာ မပုပ်မသိုးအောင်ထားဖို့ Lenin Lab အဖွဲ့က ဆေးစိမ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ တခြားနိုင်ငံတွေကလည်း သူတို့အဖွဲ့ အကူအညီနဲ့ နိုင်ငံတည်ထောင်သူ ခေါင်းဆောင်တွေရဲ့ ရုပ်အလောင်းတွေကို ဆေးစိမ်ခဲ့ကြတာပါ။ ဆေးစိမ်ထားတဲ့ရုပ်အလောင်းတွေကို ပုံမှန်ထိန်းသိမ်းမှုလုပ်ရပြီး မကြာခဏ ဆေးစိမ်ပေးရပါတယ်။ ဟိုချီမင်းရဲ့ ရုပ်အလောင်းကို လွန်ခဲ့တဲ့ နှစ် (၅၀) နီးပါးက ဆေးစိမ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သိပ္ပံပညာရှင်တွေက ရုပ်အလောင်းအခြေအနေကို အကဲခတ်လေ့လာကြမှာဖြစ်ပါတယ်။ ဟိုချီမင်းရဲ့ ဆေးစိမ်ထားတဲ့ ရုပ်အလောင်းကို အမှောင်ချထားတဲ့ မှန်သားအခေါင်းထဲ ထည့်သွင်းထားပြီး ဟနွိုင်းမြို့က ဂူဗိမာန်က ပြသထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top