အာရှပရိတ်သတ်တွေရဲ့ နံပါတ် (၁) အတွေ့ချင်ဆုံး ကိုရီးယားအနုပညာရှင် ဆောင်းဂျီဟို

song.jpg

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူချက်မှာ မင်းသမီးဆောင်းဂျီဟို (Song Ji Hyo) ဟာ အာရှပရိတ်သတ်တွေ အတွေ့ချင်ဆုံး ထိပ်တန်းကိုးရီးယားဆယ်လီအဖြစ် ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့မှာတော့ Korea Trade-Investment Promotion အေဂျင်စီကနေ အခုနှစ် မတ်လ ကနေ ဧပြီလအထိ ကောက်ယူထားခဲ့တဲ့ စစ်တမ်းရလဒ်ကို ကြေညာပေးခဲ့ပါတယ်။ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်း၊ မြန်မာနဲ့ ဖိလစ်ပိုင်စတဲ့ အာရှနိုင်ငံအသီးသီးတို့ရဲ့ ပါဝင်သူတွေကို အဖွဲ့အစည်းက ကိုးရီးယားထုတ်ကုန်နဲ့ ကျော်ကြားနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ အမြင်တွေကို မေးမြန်းရင်း သဘောထားစစ်တမ်းနမူနာ ကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဂျီဟိုဟာ စစ်တမ်းမှာပါဝင်ခဲ့တဲ့သူတွေရဲ့ နံပါတ် (၁) အတွေ့ချင်ဆုံး ကိုးရီးယားအနုပညာရှင် ဖြစ်ရုံသာမကပဲ ‘Excellent Korean products’ ‘Korean advancements’ နဲ့ ‘Personal tastes’ စတဲ့ခေါင်းစဉ်တွေနဲ့လည်း နံပါတ် (၁) ထိပ်တန်းနေရာကို သိမ်းကျုံး ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဂျီဟို ဟာ ဂျာကတာ (Jakarta) နဲ့ ဟိုချီမင်း (Ho Chi Minh) ရဲ့ ‘Korea Brand & Entertainment Expo ကြော်ငြာ သံတမန်အဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။

ယခုလက်ရှိမှာတော့ မင်းသမီး ဆောင်းဂျီဟိုဟာ ‘Onstyle beauty show’ မှာ “Song Ji Hyo’s Beauty Life” ဆိုတဲ့ခေါင်းစဉ်နဲ့ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ဆောင်နေပြီး မြန်မာပရိတ်သတ်တွေကြား ရေပန်းစားလှတဲ့ SBS ရဲ့ Variety show တစ်ခုဖြစ်တဲ့ “Running Man” မှာတော့ အဖွဲ့ဝင်အဖြစ်ဆက်လက် ပါဝင်နေဆဲပဲဖြစ်ပါတယ်။

Ref: Soompi “Song Ji Hyo is voted the #No 1 Korean celeb Asians want to meet”

Po Mo Htoo Aung (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top