လီဗာပူးနောက်ခံလူရဲ့ လေးစားစရာလုပ်ရပ်

9-7-2020-yyl-028.jpg

လီဗာပူးနောက်ခံလူ အလက်ဇန္ဒားအာနိုးဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ရာသီသိမ်း ပွဲစဉ်အပြီး မသန်စွမ်း ကလေးငယ် တစ်ယောက်အတွက် မမေ့နိုင်စရာ ကိစ္စတစ်ခု လုပ်ပေးခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ (၄)ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့တဲ့ လီဗာပူးအသင်းသားတွေကို ပရိသတ်တွေက ချီးကျူးဂုဏ်ပြုနေချိန်မှာ ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးက လူးဝစ်လို့ အမည်ရတဲ့ လီဗာပူးပရိသတ် ကလေးငယ်ကို ကွင်းထဲမှာ ဘီးတပ်ကုလားထိုင်နဲ့ တွန်းပို့ပေးခဲ့ပါတယ်။

ပွဲမတိုင်ခင် တစ်ရက်အလိုမှာ အလက်ဇန္ဒားအာနိုးရဲ့မိခင်က လူးဝစ်တို့အိမ်ကို သွားပြီး ဘရိုက်တန်နဲ့ပွဲတွေ လက်မှတ်တွေပေးခဲ့သလို ကစားသမားတွေ နားနေခန်းကို ဖြတ်သန်းသွားလာခွင့် လက်မှတ်တွေ ပေးခဲ့တာဖြစ်ပါတယ်။

အလက်ဇန္ဒားအာနိုးဟာ အရင်တုန်းကလည်း လူးဝစ်တို့အိမ်ကို အင်္ဂလန်အသင်း ဂျာစီ၊ ပွဲကစားတုန်းက သူဝတ်ဆင်ခဲ့တဲ့ ဘောလုံးကန်ဖိနပ်တွေ အပါအဝင် Under Armour အမှတ်တံဆိပ် လက်ဆောင်ပစ္စည်းတွေ သွားပို့ပေးပြီး အံ့အားသင့် ပျော်ရွှင်အောင် ဖန်တီးပေးခဲ့ဖူးပါတယ်။

Ref: Dailymail ”Trent Alexander-Arnold makes disabled Liverpool fan’s dream come true”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top