ဝင်ငွေအကောင်းဆုံးအားကစားမယ်စာရင်းမှာ (၄) နှစ်ဆက်တိုက် ထိပ်ဆုံးနေရာကရပ်တည်ခဲ့တဲ့ ဆရီနာဝီလျံ

68505019_2521773944520177_6589076128143507456_n.jpg

ဂရင်းဆလင်းဆုဖလား (၂၃) ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံဟာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ဝင်ငွေအကောင်းဆုံးအားကစားမယ်စာရင်းမှာ (၄) နှစ်ဆက်တိုက် ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ ဆရီနာဝီလျံဟာ ၂၀၁၈ ခုနှစ် ဇွန်လ (၁) ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဇွန်လ (၁) ရက်နေ့အထိ (၁၂) လတာအတွင်း အမေရိကန်ဒေါ်လာ (၂၉.၂) သန်းရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဆုကြေးငွေရရှိမှုက အမေရိကန်ဒေါ်လာ (၃.၄) သန်းပဲရှိပါတယ်။

အမေရိကန်အိုးပင်းနဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲ(၂)ရပ်ဆက်တိုက် အနိုင်ယူဗိုလ်စွဲပြီး ဂရင်းဆလင်းဆုဖလား (၂) လုံး ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာကတော့ တစ်နှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော် ရခဲ့ပါတယ်။ နာအိုမီအိုဆာကာဟာ ဆရီနာဝီလျံ၊ ရှာရာပိုဗာ၊ လီနာ စတဲ့ တင်းနစ်မယ်တွေပြီးရင် အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော်ဝင်ငွေရတဲ့ စတုတ္ထမြောက် တင်းနစ်မယ်ဖြစ်လာခဲ့ပါတယ်။ ဝင်ငွေအကောင်းဆုံးအားကစားမယ်တွေစာရင်းမှာ တင်းနစ်မယ်တွေ လွှမ်းမိုးခဲ့ကြပါတယ်။ တင်းနစ်မယ်တွေဟာ ဆုကြေးငွေဖောဖောသီသီရသလို ကြော်ငြာခ၊ ပုံရိပ်အသုံးပြုခ အစရှိတဲ့ဝင်ငွေတွေလည်း သောက်သောက်လဲရကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ Nike ကုမ္ပဏီက Adidas ကုမ္ပဏီကို ကျော်ဖြတ်ပြီး နာအိုမီအိုဆာကာကို စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီသဘောတူစာချုပ်အရ နာအိုမီအိုဆာကာက ပေါင် (၁၃) သန်းရရှိမှာဖြစ်ပါတယ်။ အမေရိကန်ဘောလုံးကြယ်ပွင့် အဲလက်စ်မော်ဂန်ကတော့ ဝင်ငွေအကောင်းဆုံးအားကစားမယ်စာရင်းမှာ အမေရိကန်ဒေါ်လာ (၅.၈) သန်းနဲ့ အဆင့် (၁၂) ချိတ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top