ချန်ပီယံရှစ်မှာ လုပ်ခလစာအများဆုံးဖြစ်လာမယ့် ရွန်နီ

68849225_2521774157853489_7082151507734298624_n.jpg

ဒါဘီကောင်တီအသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီကတော့ ချန်ပီယံရှစ်ရဲ့ လုပ်ခလစာအများဆုံးကစားသမားဖြစ်လာတော့မှာပါ။ ရွန်နီဟာ လာမယ့်ဇန်နဝါရီလကျရင် ဒါဘီအသင်းကို ကစားသမား/နည်းပြအဖြစ် ပြောင်းရွှေ့လာဖို့ (၁၈) လသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် (၁၀၀၀၀၀) ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံရှစ်ကစားသမားတွေရဲ့ ပျမ်းမျှလုပ်ခလစာထက် (၅) ဆပိုများနေပါတယ်။

အဲဗာတန်၊ မန်ယူ၊ ဒီစီယူနိုက်တက်အသင်းတွေမှာကစားခဲ့တဲ့ ရွန်နီဟာ ကစားသမားဘဝမှာ (၃၅၉) ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်ဖလား (၅) လုံး၊ ချန်ပီယံလိဂ်ဖလား (၁) လုံး၊ ယူရိုပါလိဂ်ဖလား (၁) လုံး၊ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံ (၁) ကြိမ်၊ လိဂ်ဖလား (၃) လုံး၊ အက်ဖ်အေဖလား (၁) လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ သူဟာ အင်္ဂလန်အသင်းအတွက် ပွဲ (၁၂၀) ကစားထားပြီး အင်္ဂလန်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူပါ။ ဒါဘီအသင်းမှာ (၇၊ ၁၂၊ ၁၃၊ ၁၅၊ ၁၈) စတဲ့ ကျောနံပါတ်တွေလစ်လပ်နေပေမဲ့ ရွန်နီက ကျောနံပါတ် (၃၂) ကို ရွေးချယ်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။ ရွန်နီက ဒါဘီအသင်းကို စပွန်ဆာပေးထားတဲ့ 32Red လောင်းကစားကုမ္ပဏီအတွက် လူသိများအောင်လုပ်ပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။ ရွန်နီကတော့ သူရွေးချယ်ခဲ့တဲ့နံပါတ်က အဓိကကိစ္စမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top