ဗီလာဘိုအက်စ်ကို နည်းပြခန့်လိုက်တဲ့ မာဆေးအသင်း

61402224_2400236136673959_984146705966432256_n-2.jpg

ချဲလ်ဆီးနဲ့ စပါးနည်းပြဟောင်း ဗီလာဘိုအက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ မာဆေးအသင်းက အတည်ပြုခဲ့ပါတယ်။ အသက် (၄၁) နှစ်ရှိတဲ့ ပေါ်တူဂီနိုင်ငံသား ဗီလာဘိုအက်စ်ဟာ ရိုးမားနည်းပြဟောင်း ရူဒီဂါစီယာနေရာကို အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။ ရူဒီဂါစီယာလက်ထက်မှာတော့ မာဆေးအသင်းက အဆင့် (၅) နေရာနဲ့ ရာသီသိမ်းခဲ့ရပါတယ်။

ပေါ်တိုအသင်းကို တစ်ရာသီအတွင်း ဖလား (၃) လုံး(အမှတ်ပေးဖလား၊ ရှုံးထွက်ဖလား၊ ယူရိုပါလိဂ်ဖလား) ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗီလာဘိုအက်စ်ကို ချဲလ်ဆီးအသင်းက ၂၀၁၁ ခုနှစ်မှာ နည်းပြ ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဗီလာဘိုအက်စ်ဟာ ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ စပါးအသင်းကို တာဝန်ယူခဲ့ပြီး
အသင်းသမိုင်းတစ်လျှောက် ရမှတ်အများဆုံး(ထိုစဉ်က)အဖြစ် (၇၂) မှတ်ရယူပေးခဲ့ပါတယ်။

အဲဒီရာသီက စပါးအသင်းကို အဆင့် (၅) နေရာနဲ့ ရာသီသိမ်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဗီလာဘိုအက်စ်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top