အင်စတာဂရမ်အကောင့်နဲ့ ကမ္ဘာ့ဂင်းနစ်စံချိန် (၂) ခု ဝင်ခဲ့တဲ့ BTS အဖွဲ့ဝင် V

14.12.2021yyl10.png

ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BTS ရဲ့အဖွဲ့ဝင် V ကတော့ သူ့ရဲ့အင်စတာဂရမ်အကောင့်နဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်သစ် (၂) ခု ဝင်ခဲ့ပါပြီ။ ဒီဇင်ဘာ ၁၃ ရက်နေ့က BTS အဖွဲ့ဝင် V က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အလျင်အမြန်ဆုံးနဲ့ ဖော်လိုဝါ ၁ သန်းနဲ့ ၁၀ သန်း ရောက်ရှိခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးခဲ့တယ်လို့ Guinness World Records က အတည်ပြုခဲ့ပါတယ်။

V က သူ့ရဲ့အင်စတာဂရမ်အကောင့်စဖွင့်ဖွင့်ချင်း ၄၃ မိနစ်အတွင်းမှာ ဖော်လိုဝါ (၁) သန်း နဲ့ (၄) နာရီ ၅၂ မိနစ်အတွင်းမှာ ဖော်လိုဝါ ၁၀ သန်း ရရှိခဲ့တာပါ။ အဲဒါကြောင့်ပဲ V ဟာ ကမ္ဘာ့ဂင်းနစ်စံချိန် (၂) ခုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။

ဒီဇင်ဘာ ၆ ရက်နေ့က BTS အဖွဲ့ဝင် (၇) ယောက်စလုံးက ကိုယ်ပိုင်အင်စတာဂရမ်အကောင့်တွေဖွင့်ခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ လက်ရှိမှာတော့ အဖွဲ့ဝင်အားလုံးရဲ့အင်စတာဂရမ်အကောင့်တစ်ခုစီက ဖော်လိုဝါ သန်း ၂၀ ကျော်နေပါပြီ။

၂၀၂၁ခုနှစ်မှာ BTS က သူတို့ရဲ့အကျော်ကြားဆုံးသီချင်း “Butter” နဲ့ ကမ္ဘာ့ဂင်းနစ်စံချိန် (၅) ခု ဝင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဂင်းနစ်စံချိန်မှတ်တမ်းရဲ့ Hall of Fame (ကမ္ဘာပေါ်မှာ အမွှမ်းတင်အခံရဆုံး ဂင်းနစ်စံချိန်တင်သူတွေနဲ့ ဘာကြောင့်ဂင်းနစ်စံချိန်ရရှိခဲ့လဲဆိုတဲ့ အကြောင်းအရင်းတွေကို ဖော်ပြထား) မှာလည်း ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိ BTS အဖွဲ့က ဂင်းနစ်စံချိန်ပေါင်း ၂၃ ခု ရရှိထားပြီဖြစ်ပါတယ်။

Ref: Soompi “BTS’s V Officially Breaks Two Guinness World Records For Instagram Followers”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top