အဲဗစ်ပရက် စလေရဲ့မြေးဖြစ်သူ အသက် (၂၇) နှစ်အရွယ်မှာ သေဆုံး

13-7-2020-yyl-001.jpg

အမေရိကန်အဆိုတော် လီဆာ မာရီ ပရက်စလေရဲ့သားဖြစ်တဲ့အပြင် အမေရိကန်နာမည်ကြီးရော့ခ်ဂီတပညာရှင် အဲဗစ်ပရက်စလေရဲ့ မြေးလည်းဖြစ်တဲ့ ဘန်ဂျမင် ကီအို့ဂျ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ သေဆုံးသွားခဲ့ပြီလို့သိရပါတယ်။ သူ့သေဆုံးချိန်မှာ အသက် (၂၇) နှစ် ရှိပါပြီ။ ဘန်ဂျမင်ရဲ့သေဆုံးရခြင်းအကြောင်းအရင်းက သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သတင်းထွက်ရှိချက်တွေအရ သိရပါတယ်။

“လီဆာက အရမ်း စိတ်ထိခိုက်နေပါတယ်။ ဒါပေမဲ့ အသက် (၁၁) နှစ်အရွယ် အမြွှာကလေးနဲ့ အကြီးဆုံးသမီး ရိုင်လေတို့အတွက် သူ ကြံ့ကြံ့ခိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ အဲဒီကောင်လေးကို အရမ်းချစ်တယ်။ သူ့ဘဝအတွက် အချစ်ပါပဲ”လို့ လီဆာ မာရီ ပရက်စလေရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၀၉ခုနှစ်က ဘန်ဂျမင်ဟာ အဆိုတော်တစ်ယောက်အနေနဲ့ အယ်လ်ဘမ် (၅) ခွေထုတ်ဖို့ Universal နဲ့ ဒေါ်လာ ၅ သန်းတန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘာအယ်လ်ဘမ်မှာ ထွက်ရှိလာခဲ့ခြင်းမရှိခဲ့ပါဘူး။ ဘန်ဂျမင်က သူ့အစ်မ ရိုင်လေ ကီအို့ဂျ်နဲ့ အမြွှာမောင်လေးညီမလေးတွေကြောင့် အသက်ရှင်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ သူ့အမေ လီဆာ မာရီကလည်း သူ့ကလေးတွေနဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်း အင်စတာဂရမ်မှာ တင်လေ့ရှိပါတယ်။

၂၀၁၂ခုနှစ်က ဘန်ဂျမင်နဲ့ သူ့မွေးချင်းမောင်နှမတွေဟာ သူ့အမေနဲ့ သူ့အဘိုးတို့ သီဆိုခဲ့တဲ့ စုံတွဲသီချင်း Presley’s I Love You Because အမ်တီဗီမှာ ပါဝင်ခဲ့ဖူးပါတယ်။ လီဆာ မာရီနဲ့ ရင်းနှီးတဲ့သူတွေကလည်း ဘန်ဂျမင်နဲ့ ပရက်စလေ မိသားစုတွေအတွက် ဝမ်းနည်းကြောင်းစာတွေကိုလည်း တွစ်တာမှာတင်ထားကြပါတယ်။ တချို့သတင်းဌာနတွေမှာ ဘန်ဂျမင် ဘာကြောင့် သေဆုံးခဲ့တာလဲဆိုတာကို ထုတ်ပြောပြထားခြင်းမရှိပေမဲ့ တွစ်တာမှာတင်ထားကြတဲ့ ဝမ်းနည်းကြောင်းစာတွေကတော့ ဘန်ဂျမင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။

Ref: Elvis Presley’s grandson, Benjamin Keough, has passed away aged 27


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top