The Central မှ ထူးခြား ဆန်းပြားလှသော အကောင်းမွန်ဆုံးလက်ရာ “The Central Prestige” ကို မိတ်ဆက်

Photo-2_The-Central-Prestige.jpg

“The Central Prestige” တာဝါသည် နောက်ဆုံးပေါ်လူနေအိမ်ခန်းဖြစ်ပြီး အဆင့်မြင့်မား၍ ခေတ်ကာလနှင့် အမြဲတမ်း သင့်လျော်လှပနေမည့်လက်ရာများဖြင့် ရန်ကုန်မြို့၏ အမြင့်ဆုံးသောလူနေမှုအဆင့်အတန်းကို ဖော်ညွှန်းနေမည့် စီမံကိန်းဖြစ်ကြောင်း The Central မှ ကြေညာခဲ့သည်။ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ လူနေအိမ်ခန်းတာဝါ မိတ်ဆက်သည့်အခမ်းအနားကို The Central ၏ Gallery Showroom တွင် အခန်းငှားရမ်းထားသူများ၊ အထူးဧည့်သည်တော်များနှင့်အတူ ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်သည်။

“The Central Prestige” အား ရန်ကုန်မြို့၏ အချက်အခြာအကျဆုံး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်းယားကန်ရှေ့တည့်တည့်တွင် တည်ရှိပြီး အတွင်းပိုင်းအပြင်အဆင်များအနေဖြင့် ပြောင်မြောက်လှသော ဗိသုကာလက်ရာများ၊ အကောင်းမွန်ဆုံး အရည်အသွေးမြင့်ပစ္စည်းများအား ဘက်ပေါင်းစုံတွင် အသုံးပြုပေါင်းစပ် တည်ဆောက်သွားမည် ဖြစ်သည်။

The Central Prestige” တာဝါ

The Central ၏ စီမံကိန်းတစ်ခုဖြစ်သည့် The Central Prestige တွင်လက်ရာကောင်းမွန်လှပသော ဗိသုကာဒီဇိုင်းသာ အနုပညာမြောက် ခမ်းနားသည့်တည်ဆောက်မှုပုံစံကိုပါ မြင်တွေ့နိုင်မည် ဖြစ်သည့်အတွက် အနုပညာဆန်ဆန်နေထိုင်မှုကို ပြသသော လက်ရာတစ်ခုအဖြစ် ခမ်းနားစွာ ရပ်တည်သွားနိုင်မည် ဖြစ်သည်။

The Central Prestige တာဝါနှစ်ခုတွင် အိပ်ခန်း ၁ ခန်းမှ ၃ ခန်းအထိ ပါဝင်သည့် လူနေအိမ်ခန်းများကို ၈၂၄ စတုရန်းပေမှ ၂,၀၁၂ စတုရန်းပေအထိ အသီးသီးဖွဲ့စည်းထားသည်။ ထို့အပြင် တာဝါ (၁) တွင်နေထိုင်သူများသည် အထပ် ၃၀ အမြင့်တွင် တည်ရှိသော သီးသန့်ဘက်စုံသုံး Clubhouse၊ အဆင့်မြင့် အားကစားပစ္စည်းများ ပါဝင်သည့် အားကစားရုံ၊ မျက်စိတဆုံး ကျယ်ပြန့်သော လှပခမ်းနားသည့် အင်းယားကန်မြင်ကွင်း အစရှိသည့် အကောင်းမွန်ဆုံးသော အခွင့်အရေးများအား ရရှိသွားမည် ဖြစ်သည်။

“The Central Prestige တာဝါဟာ အချက်အခြာကျလှတဲ့ အလှပဆုံး၊ အခမ်းနားဆုံးတည်နေရာမှာ တည်ရှိတဲ့အတွက် နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ သီးသန့် လသာဆောင်တွေကနေ မျက်စိတစ်ဆုံး ကျယ်ပြောလှပလှတဲ့ မြင်ကွင်းတွေကို ကြည့်ရှုခံစားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခန်းတွင်း သီးသန့်အဝတ်အစားလဲခန်းတွေနဲ့ ရေချိုးခန်းတွဲလျက်ပါဝင်ပြီးသား ခမ်းနားလှတဲ့ အိပ်ခန်းကျယ်ကြီးတွေကိုလည်း The Central Prestige တာဝါမှာ ထည့်သွင်း တည်ဆောက်ထား ပါတယ်။ ဒါတင်မကသေးပါဘူး။ စနစ်တကျဖွဲ့စည်းထားပြီး ထပ်မံဖြည့်စွက် ဝယ်ယူစရာမလိုအောင် ပစ္စည်းတွေအားလုံး ပြည့်ပြည့်စုံစုံ အရန်သင့် ပါရှိတဲ့ ထမင်းစားခန်းတွေနဲ့ မီးဖိုချောင်တွေ၊ နောက်ပြီး ရေပူရေအေးစက်တွေနဲ့ အဝတ်လျှော်စက် အစရှိတဲ့ လူသုံးကုန်စက်ပစ္စည်းတွေကို ထားရှိနိုင်မယ့် သီးသန့်နေရာ (Service Balcony) တွေဟာလည်း ခမ်းနားပြည့်စုံလှတဲ့ လူနေထိုင်မှု အတွေ့အကြုံတွေကို ပေးအပ်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Marga Landmark ၏ Head of Property Development ဖြစ်သူ Wilson Yeh က ပြောကြားခဲ့သည်။

The Central Prestige သည် နေထိုင်သူများ စိတ်ကူးထားသည်ထက် သာလွန်ကောင်းမွန်သည့် အကောင်းမွန်ဆုံးသော လူနေထိုင်မှုအတွေ့အကြုံများကို ပေးစွမ်းနိုင်မည် ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် မြင်ကွင်း၊ အဆင့်မြင့်မားလှသော ဗိသုကာပိုင်းဆိုင်ရာ တည်ဆောက်မှုများနှင့် The Central ၏ ပြီးပြည့်စုံသည့် ဘယ်စုံသုံး ဝန်ဆောင်မှုများ၊ ပါဝင်ပစ္စည်းများအား ပေါင်းစပ်ဖန်တီးထားသည့် The Central Prestige သည် အဆင့်မြင့် မြို့ပြခံစားမှုများအား အပြည့်အဝခံစားနိုင်စေမည့် စိတ်လှုပ်ရှားဖွယ်ရာခမ်းနားထည်ဝါမှုကို ပေးစွမ်းသွားနိုင်မည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top