၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် အဲအေးရှား လေကြောင်းလိုင်းမိသားစုဝင်များမှ ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားတွင် ဆီမီးတစ်ထောင် ကပ်လှုူပူဇော်

2.11.23-yyl-10.jpg

၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် အဲအေးရှား လေကြောင်းလိုင်းမိသားစုဝင်များမှ ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားတွင် ဆီမီးတစ်ထောင် ကပ်လှုူပူဇော်ခဲ့ကြပြီး မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာစေဖို့ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ အဆိုပါ ဆီမီးတစ်‌ထောင် ကပ်လှုူပူဇော်ပွဲတွင် ခရီးသွား ဘလော့ဂါ Su Wai Go နှင့် Luke တို့မှလည်း အဲအေးရှားနှင့်အတူ ပါဝင်ကုသိုလ်ယူခဲ့ကြသည်။

အဲအေးရှားလေကြောင်းလိုင်းမှ ဝါကျွတ်ကာလ အထူးပရိုမိုးရှင်း အစီအစဉ်အဖြစ် ယနေ့မှစ၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်မှဘန်ကောက်သို့ ခရီးစဉ်တစ်ကြောင်းလျှင် အထူးသက်သာသော နှုန်းထား အမေရိကန်ဒေါ်လာ ၄၇ နှင့် အမေရိကန်ဒေါ်လာ ၅၇ (ခရီးဆောင်အိတ် ၂၀ ကီလို အပါအဝင်) မျှဖြင့် ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်သည်။ လက်ရှိတွင် အဲအေးရှားသည် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တစ်နေ့လျှင် ၂ ကြိမ် ပျံသန်းပြေးဆွဲပေးလျက်ရှိပါသည်။

ဂုဏ်သိက္ခာကြီးမားလှသည့် Skytrax အဖွဲ့အစည်းမှ ပေးအပ်သော ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာလေကြောင်းလိုင်းအဖြစ် ၁၄ နှစ်ဆက်တိုက် အသိအမှတ်ပြု ရွေးချယ်ခံထားရသည့် အဲအေးရှား လေကြောင်းလိုင်းသည်

  • ရန်ကုန်၊ မန္တလေး မှ ထိုင်းနိုင်ငံ ဘန်ကောက်
  • ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့
    တိုက်ရိုက်ပျံသန်းပြေးဆွဲပေးလျက်ရှိသည့်အပြင် ဘန်ကောက်နှင့် ကွာလာလမ်ပူမှတဆင့် ခရီးစဉ်ပေါင်း (၁၃၀)ကျော်သို့ ပျံသန်းပြေးဆွဲပေးလျက်ရှိသည်။

#AirAsiaMyanmar

#AirAsialightingfestival

#FlywithAirAsia

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top