Mojoptix က ဒီဇိုင်းဆွဲထားတဲ့ ဒီဂျစ်တယ် နေနာရီပါ။ နေရဲ့ရွေ့လျားမှုကိုလိုက်ပြီး အရိပ်ဘယ်လိုကျမလဲဆိုတာကို စနစ်တကျစီစဉ်ထားတာပါ။ အရိပ်ဖမ်းတဲ့ ပလတ်စတစ် အစိတ်အပိုင်းကိုတော့ gnomon လို့ ခေါ်ပါတယ်။
3D printing နဲ့ ဖန်တီးထားတဲ့ အဲဒီအစိတ်အပိုင်းမှာ သေးငယ်တဲ့ အပေါက်လေးတွေ ပါဝင်ပြီး အလင်းစက်လေးတွေကို ဒီဂျစ်တယ်ကိန်းဂဏန်းပုံစံ ဖော်ပြပေးမှာပါ။ အဲဒီအလင်းစက်လေးတွေက အချိန် ဖြစ်ပါတယ်။ နေနာရီဖြစ်လို့ နေမထွက်ရင်တော့ အသုံးပြုလို့ မရပါဘူး။
NZ (ရိုးရာလေး)