ယာဉ်ကြောပိတ်ဆို့မှုအခြေအနေကို ဖုန်းမှတဆင့် ကြည့်လို့ရပြီ

Mdy_large.jpg

Google Map ဟာ မော်တော်ယာဉ် သွားလာမှု အခြေအနေတွေ၊ ယာဉ်ကြောပိတ်ဆို့မှု အနေအထားတွေကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနိုင်မယ့် Real Time Traffic Data feature ကို မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့အချို့အတွက် စတင်ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့်မို့ မော်တော်ယာဉ်နဲ့ သွားလာနေသူတွေ အနေနဲ့ ဖုန်းထဲက google map မြေပုံမှာ ကြည့်ရှုပြီး ယာဉ်ကြောပိုမို ရှင်းလင်းတဲ့ လမ်းကြောင်းတွေကို ရွေးချယ်သွားလာနိုင်မှာ ဖြစ်ပါတယ်။ မြေပုံထဲမှာ အနီနဲ့ ပြထားတဲ့ နေရာတွေဟာ ယာဉ်ကြော အတော်ပိတ်ဆို့နေတဲ့ နေရာတွေ ဖြစ်ပြီး အဝါနဲ့ ပြထားတာကတော့ ယာဉ်ကြောအတန်အသင့် ပိတ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

အခြေခံအားဖြင့်တော့ ဒီ feature ဟာ ဖုန်းသုံးစွဲသူ၊ google map သုံးစွဲသူပေါင်းများစွာကို မြေပုံပေါ်မှာ ခြေရာခံစောင့်ကြည့်နေပြီး ခရီးလမ်းကြောပေါ်က လူတွေရဲ့ နေရာတစ်နေရာက တခြားတစ်နေရာအရွေ့ အနှေးအမြန်ကို မှတ်သားပေးပါတယ်။ အဲဒီကမှ အဲဒီနေရာမှာ မော်တော်ယာဉ်လမ်းကြော ပိတ်နေသလား၊ ရှင်းနေသလားဆိုတာကို မှန်းဆ တွက်ချက်ပေးတာ ဖြစ်ပါတယ်။ Google Map ဟာ တခြားသော အရင်းအမြစ် (sources) တွေကနေ ယာဉ်ကြောအနေအထားကို စစ်တမ်းကောက်ယူတာတွေ ရှိတယ်လို့ သိရပါတယ်။

Ref: VGR ; “The simple and creepy reason Google Maps knows when there’s traffic“

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top