အသက် ၅၇ နှစ်အရွယ်မှာ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ စီစဉ်နေတဲ့ အီဗန်ဒါဟိုလီဖီးလ်

yyl-006-10.jpg

ခရူဇာဝိတ်နဲ့ ဟဲဗီးဝိတ်မှာ အငြင်းပွားစရာမရှိ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အမေရိကန်လက်ဝှေ့သမားဟောင်း အီဗန်ဒါဟိုလီဖီးလ်ကတော့ အသက် ၅၇ နှစ်အရွယ်မှာ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ရှိနေပါတယ်။ ဟိုလီဖီးလ်ဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ရစ်ဒစ်ဘိုဝီနဲ့ ထိုးသတ်ဖို့ မျှော်လင့်နေပါတယ်။ အဲဒီပွဲစဉ် ဖြစ်မြောက်ခဲ့ရင်တော့ ဟိုလီဖီးလ်နဲ့ ဘိုဝီတို့ရဲ့ စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုဖြစ်လာမှာပါ။ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်ကြားကာလအတွင်း ဟိုလီဖီးလ်နဲ့ ဘိုဝီတို့ (၃)ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပြီး ဘိုဝီက (၂)ကြိမ်နိုင်၊ ဟိုလီဖီးလ်က တစ်ကြိမ်နိုင်ခဲ့ပါတယ်။

” ဂျပန်မှာ ပွဲထိုးဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒီကိစ္စက ဘယ်သူမှ မပြောကြတော့ဘူး။ အဲဒီပွဲ ဖြစ်မြောက်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲဖြစ်မြောက်အောင် လုပ်နိုင်ရင် ကောင်းပါတယ်။ ပွဲမဖြစ်လည်း ကျွန်တော့်ဘက်က အေးအေးဆေးဆေးပါပဲ။ ကျွန်တော် ဘိုဝီနဲ့ ထိုးချင်တယ်။ ကျွန်တော်တို့ ၂ ယောက်က မိတ်ဆွေတွေပါ။ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ထိုးကြေးမျိုးနဲ့ဆိုရှု် (၃)ချီပွဲလောက်ထိုးတာ အဆင်ပြေမှာပါ။ ကျွန်တော် ထိုးနိုင်ပါသေးတယ်။ ကျွန်တော့်ဘက်က အသင့်ပါပဲ”လို့ ဟိုလီဖီးလ်က ပြောပါတယ်။

ဟိုလီဖီးလ်ဟာ ၂၀၁၁ ခုနှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ဘရိုင်ယန်နယ်ဆင်ကို အနိုင်ယူခဲ့ပြီးနောက်မှာ လက်ဝှေ့လောကကနေ အနားယူခဲ့သူပါ။ တကယ်လို့ ဟိုလီဖီးလ်သာ လက်ဝှေ့ပြန်ထိုးဖြစ်မယ်ဆိုရင်တော့ မှတ်တမ်းတစ်ခု စိုက်ထူနိုင်ဖို့ ရှိပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ဂျော့ဖိုမင်က လက်ဝှေ့ကြိုးဝိုင်းထဲကိုတစ်ကျော့ပြန်ဝင်လာပြီး မိုက်ကယ်မိုရာကို အနိုင်ရခဲ့လို့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဂျော့ဖိုမင်ဟာ အသက် ၄၈ နှစ်အထိ လက်ဝှေ့ထိုးခဲ့သူပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top