တွမ်ခရုဇ်နဲ့ ဂျက်စတင်ဘီဘာကို တွဲဆိုင်းတည်ပေးချင်တယ်ဆိုတဲ့ UFC ဥက္ကဋ္ဌ

65954892_2461134373917468_3616191656677605376_n.jpg

တွမ်ခရုဇ်နဲ့ ဂျက်စတင်ဘီဘာတို့ကို UFC ရဲ့ (၈) ထောင့် သံဇကာဝိုင်းထဲမှာ တွဲဆိုင်းတည်ပေးဖို့ စိတ်ဝင်စားတယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။ UFC မှာ ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုဇ်နဲ့ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာတို့ ထိုးသတ်မယ့်ပွဲစဉ် ဖြစ်မြောက်အောင် စီစဉ်ပေးနိုင်ရင် အခပေးကြည့်ရှုမှုသမိုင်းတစ်လျှောက် ငွေကြေးအများဆုံးရရှိတဲ့ပွဲစဉ် ဖြစ်လာမယ်လို့ ဒါနာဝှိုက်က ဆိုပါတယ်။

”ကျွန်တော် စီစဉ်ပေးလို့ အဲဒီပွဲစဉ်ဖြစ်မြောက်မယ်ဆိုရင် ကျွန်တော်စီစဉ်မှာပါ။ အဲဒီပွဲက အခပေးကြည့်ရှုမှုသမိုင်းမှာ ငွေကြေးအများဆုံးရရှိတဲ့ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ (အဲဒီပွဲကို ဖြစ်မြောက်စေချင်တာ)အမှန်ပါပဲ။ ကျွန်တော် နာမည်တပ်ပြီး မပြောချင်ပါပါဘူး။ လူသိများထင်ရှားသူ (၂) ယောက်နဲ့ ဖုန်းပြောဖြစ်ခဲ့တယ်။ အဲဒီပွဲစဉ်ဖြစ်လာနိုင်တယ်လို့ သူတို့က ပြောပါတယ်”လို့ ဒါနာဝှိုက်က ဆိုပါတယ်။

အသက် (၂၅) နှစ်အရွယ်ရှိတဲ့ ဂျက်စတာဘီဘာက တွမ်ခရုဇ်ကို ကြိုးဝိုင်းပေါ်မှာ ထိုးသတ်ဖို့ စိန်ခေါ်ခဲ့တာပါ။ ဂျက်စတင်ဘီဘာက စိတ်ပြောင်းပြီး မထိုးတော့ဘူးလို့ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့ပြီး ကိုယ်ခံပညာပေါင်းစုံ ကစားနည်းနဲ့ ထိုးသတ်ချင်တယ်လို့ ထပ်ပြီးစိန်ခေါ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top