ရော်နယ်ဒင်ဟို ရွေးချယ်တဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ CR7 မပါဝင်

15-4-2020-yyl-008-1.jpg

ဘရာဇီး ဂန္တဝင်ကစားသမားဟောင်း ရော်နယ်ဒင်ဟို ရွေးချယ်တဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းမှာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်လာခြင်းမရှိပါဘူး။ ရော်နယ်ဒင်ဟိုဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပြီး ချဲလ်ဆီးဘက်ကို သွင်းယူခဲ့တဲ့ ဂိုးကလည်း ပြောစမှတ်တွင်ခဲ့ပါတယ်။

ရော်နယ်ဒင်ဟို ရွေးချယ်တဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ၁၁ ယောက်စာရင်းမှာ ဂန္တဝင်ကစားသမားတွေ ပါဝင်နေပြီး သူတို့တွေရဲ့ ချန်ပီယံလိဂ်/ဥရောပဖလား ဆွတ်ခူးနိုင်မှုက ၁၈ လုံးအထိ ရှိပါတယ်။ ဂိုးသမားနေရာမှာ ဂျူဗင်တပ်ဂိုးသမား ဘူဖွန်ကို ရွေးချယ်ထားပြီး ၄ ယောက်တန်း ခံစစ်မှာ ကားလို့စ်၊ မာလ်ဒီနီ၊ ဂျွန်တယ်ရီ၊ ကာဖူးလ်တို့ ပါဝင်နေပါတယ်။ ကွင်းလယ်မှာ မက်ခီလီလီ၊ လမ်းပတ်၊ ကာကာတို့ကို ရွေးချယ်ခဲ့ပြီး ၃ ယောက်တန်း တိုက်စစ်မှာ ရော်နယ်ဒို(ဘရာဇီး)၊ မက်ဆီ၊ အွန်နရီတို့ကို ရွေးချယ်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ဖလား ၅ လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် ၁၂၈ ဂိုး သွင်းယူပြီး ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top