လူပေါင်း ၅၀၀ ခန့်သာ ကိုင်ဆောင်ခွင့်ရှိတဲ့ ရှားပါးပတ်စ်ပို့

sovereign-military-order-of-malta-pope-vatican-RAREPASSPORT0617.jpg

ကမ္ဘာပေါ်က ပတ်စ်ပို့တစ်ချို့ဟာ တခြားသော ပတ်စ်ပို့တွေထက် ဩဇာကြီးမားတယ်ဆိုတာ လူတော်တော်များများသိကြမှာပါ။ ဥပမာ အနေနဲ့ပြောရရင် ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တစ်ခုဖြစ်တဲ့ ဂျာမနီပတ်စ်ပို့ ကိုင်ဆောင်ထားသူဟာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို ဗီဇာမလိုဘဲ  အလည်အပတ် သွားရောက်နိုင်ပါတယ်။ ပတ်စ်ပို့တစ်ခုကို ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံပေါင်းများစွာကို အလည်အပတ်သွားနိုင်တာဟာ တော်တော်ကောင်းမွန်ပေမဲ့  ကမ္ဘာ့အရှားဆုံး ပတ်စ်ပို့ကို ကိုင်ဆောင်ရတာက ပိုပြီးထူးခြားပါတယ်။

ကမ္ဘာ့အရှားဆုံးပတ်စ်ပို့ကတော့ ၁၀၉၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကတ်သလစ် အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Sovereign  Military Order of Malta  ရဲ့ ပတ်စ်ပို့ပဲဖြစ်ပါတယ်။ Independent သတင်းစာအရ Sovereign Military Order of Malta (SMOM) ရဲ့  ပတ်စ်ပို့ ကိုင်ဆောင်သူဟာ တစ်ကမ္ဘာလုံးမှာ ၅၀၀ ခန့်သာရှိတယ် လို့ဆိုပါတယ်။ သံတမန်ရေးရာပတ်စ်ပို့ဖြစ်တဲ့ Sovereign Order of Malta ရဲ့  ပတ်စ်ပို့တွေကို Sovereign Order of Malta ရဲ့ ခေါင်းဆောင်ပိုင်းများနဲ့ သံတမန်ရေးဆိုင်ရာ ခရီးသွားရတဲ့ အဖွဲ့ဝင်တွေပဲ ကိုင်ဆောင်ခွင့်ရှိပါတယ်။ ပတ်စ်ပို့ရဲ့သက်တမ်းဟာ ၄ နှစ်သက်တမ်းဖြစ်ပြီး Sovereign Order of Malta အဖွဲ့ဟာ နိုင်ငံပေါင်း ၁၀၆ နိုင်ငံနဲ့ သံတမန်ရေးဆိုင်ရာ ဆက်နွယ်မှုရှိတဲ့အတွက် ဒီပတ်စ်ပို့များကို ထိုနိုင်ငံတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Sovereign Military Order of Malta (SMOM) အဖွဲ့ဟာနိုင်ငံပေါင်း ၁၂၀ ခန့်မှာ ဆေးပညာ၊ လူမှုရေးနဲ့  လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒီအဖွဲ့ဟာ လက်နက်ကိုင် ပဋိပက္ခ နဲ့ သဘာဝ ဘေးအန္တရာယ်တွေကြား  ဒုက္ခရောက်နေတဲ့သူများကို ကူညီပေးတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ Sovereign Military Order of Malta (SMOM) အဖွဲ့ဟာ ကုလသမဂ္ဂမှာ လေ့လာသူ အဖွဲ့ဝင်နေရာ ရယူထားတဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး နိုင်ငံရေးနဲ့ ဘက်လိုက်မှုများမရှိတဲ့ ကြားနေအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Sovereign Military Order of  Malta (SMOM) အဖွဲ့မှာ ဆွေကြီးမျိုးကြီးအနွယ်ဝင် အမျိုးသားနဲ့ အမျိုးသမီးများ၊ ဘုန်းတော်ကြီးများ ၁၃,၅၀၀ ခန့်နဲ့ စေတနာဝန်ထမ်း ၂,၅၀၀ ကျော်ရှိပြီး ပတ်စ်ပို့ကတော့  ၅၀၀ ကျော်သာ ထုတ်ပေးထားတယ် လို့သိရပါတယ်။

Sovereign Military Order of Malta (SMOM) အဖွဲ့ဟာ ၁၀၉၉ ခုနှစ် ဂျေရုဆလင်မြို့ (Jerusalem) မှာ တည်ထောင်ခဲ့တဲ့ အလယ်ခေတ် ကတ်သိုလစ်  သူရဲကောင်းတို့ရဲ့ စစ်တပ်ဆိုင်ရာအဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ရုံးချုပ်ကတာ့ အီတလီနိုင်ငံ ရောမမြို့ရှိ ပါလာဇို မော်လ်တာ (Palazzo Malta) နန်းတော်မှာ တည်ရှိပါတယ်။ SMOM အဖွဲ့ရဲ့ ဆောင်ပုဒ်ကတော့ “ကတ်သိုလစ်ယုံကြည်မှုကို ကာကွယ်ရန်နဲ့ ဆင်းရဲသူများအား ကူညီရန်” ဖြစ်ပါတယ်။ အလယ်ခေတ်မှာ တည်ထောင်ခဲ့တဲ့ ဒီအဖွဲ့အစည်းဟာ ဘာသာရေးစစ်ပွဲတစ်လျှောက်မှာ ဆေးရုံများဆောက်လုပ်ခဲ့ကာ ဒဏ်ရာအနာတရ ရသူ လူမျိုးစုံကို ကုသပေးခဲ့ပြီး ဒီဆေးရုံများကို စောင့်ရှောက်ရန် အဖွဲ့တစ်ဖွဲ့ အဖြစ်ရပ်တည်ခဲ့ပါတယ်။

Sovereign Military Order of Malta အဖွဲ့ရဲ့ ပတ်စ်ပို့များဟာ သံတမန်ရေးရာကိစ္စများနဲ့  နိုင်ငံရပ်ခြားသွားရတဲ့ အဖွဲ့ဝင်အနည်းစုအတွက် ထုတ်ပေးထားတာ ဖြစ်ပြီး ထိုအဖွဲ့ဝင်များဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ပတ်စ်ပို့ကိုလည်း  ဆက်လက်ကိုင်ဆောင်ခွင့်ရှိပါတယ်။ (SMOM အဖွဲ့ရဲ့ ပတ်စ်ပို့ဟာ ဥရောပတိုက် မြေထဲပင်လယ်ရှိ မော်လ်တာ (Malta) နိုင်ငံရဲ့ ပတ်စ်ပို့ နဲ့ မတူညီပါဘူး။)

Ref : TIME News : This Passport Is So Rare, Only 500 People on Earth Have It

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top