ကမ္ဘာတစ်ဝှမ်းမှာ ကလေးအလုပ်သမားပေါင်း သန်း (၁၆၀) အထိ မြင့်တက်လာ

28-6-2021-yyl-15.jpg

ကမ္ဘာတစ်ဝှမ်းမှာ ကလေးအလုပ်သမားပေါင်း သန်း (၁၆၀) အထိ မြင့်တက်လာပြီး ဒါက နှစ်ပေါင်း (၂၀) အတွင်း ပထမဦးဆုံးအကြိမ်ကလေးအလုပ်သမား တိုးမြင့်လာခြင်းကို ပြနေတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ဆီက သိရပါတယ်။

“မျိုးဆက်သစ်ကလေးသူငယ်တွေ ဘေးအန္တရာယ်ထဲကျရောက်ချိန်မှာ ကျွန်ုပ်တို့ လက်ပိုက်ကြည့် မနေနိုင်ပါ။ ကျွန်ုပ်တို့ဟာ အရေးကြီးတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိနေပါပြီ။ အခုချိန်ဟာ ဆင်းရဲနွမ်းပါးမှုနဲ့ ကလေးအလုပ်သမားသံသရာစက်ဝိုင်းကိုအဆုံးသတ်ပြီး၊ ချောင်ပိတ်နေမှုကနေ ပြန်ချိုးကွေ့ဖို့အတွက် ကတိ ကဝတ်နဲ့ စွမ်းအင်သစ်တွေကို ပြန်လည်စတင်ရမယ်အချိန်ဖြစ်တယ်” လို့ ILO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့ပြင် ကမ္ဘာတစ်ဝှမ်းက ကလေးငယ်သန်းပေါင်းများစွာဟာ Covid-19 ရောဂါရဲ့ အကျိုးသက်ရောက်မှုတွေကြောင့်လည်း ဘေးအန္တရာယ်ကျရောက်နေရတယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရဲ့ လပ်ငန်းခွင် ဝင်ရောက်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ် သတ်မှတ်ချက်ဖြစ်တဲ့ ပြဋ္ဌာန်းချက်အမှတ် (၁၃၈) ကို အတည်ပြုလက်မှတ်ရေးထိုးထားပါတယ်။

ILO ပြဋ္ဌာန်းချက်အမှတ် (၁၃၈) အရ အနိမ့်ဆုံး အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်က (၁၅) နှစ်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မမြင့်မားသေးတဲ့နိုင်ငံတွေအနေနဲ့ အသက် (၁၄) နှစ်ကို ချွင်းချက်အနေနဲ့ သတ်မှတ်ထားပါတယ်။

Photo- Unicef
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top