ကမ္ဘာ့အကြီးမားဆုံး ကျောက်ဆောင်တော (သို့) မာဒါဂက်စကာကျွန်းပေါ်မှ ထုံးကျောက်အပ်တော

22.1.24-yyl-17.jpg

Tsingy de Bemaraha National Park. Unesco World Heritage in Madagascar.

ကမ္ဘာပေါ်က အံ့အားသင့်စရာအကောင်းဆုံးနေရာတစ်ခုကတော့ မာဒါဂက်စကာကျွန်းနိုင်ငံမှာရှိတဲ့ စင်ဂီကျောက်ဆောင်တော (Tsingy Forest)ပါပဲ။ ကမ္ဘာ့အကြီးမားဆုံး ကျောက်ဆောင်တောလို့ သတ်မှတ်ထားပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ပါတယ်။

မာဒါဂက်စကာကျွန်းနိုင်ငံရဲ့ သဘာဝဘေးမဲ့တောဧရိယာအတွင်း တည်ရှိပြီး Great Tsingy နဲ့ Little Tsingy ဆိုတဲ့ အပိုင်း ၂ ပိုင်း ခွဲခြားထားပါတယ်။ မာနမ်ဘိုလိုမြစ်ပေါ်မှာ စီးမိုးထားတဲ့ ထုံးကျောက် ကျောက်ဆောင်တွေကနေ အပ်ပုံစံ ကျောက်စွယ်ချွန်တွေ ထောင်မတ်နေကြတာ ဖြစ်ပါတယ်။

သွားလာဖို့ ခက်ခဲပြီး ရာသီဥတု အေးပေမဲ့ ကမ္ဘာပေါ်က တခြားနေရာတွေမှာ မတွေ့ရတဲ့ သတ္တဝါမျိုးစိတ်တွေကို ဒီနေရာမှာ မြင်ရနိုင်ပါတယ်။ လီမာမျောက်မျိုးစိတ် ၁၁ မျိုးအထိ ရှိပြီး ရှားပါးငှက်မျိုးစိတ်တွေကိုလည်း တွေ့နိုင်ပါတယ်။

Ref: Tsingy de Bemaraha National Park

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top