နိုဝင်ဘာလမှာ ချစ်သူမင်းသမီးနဲ့ လက်ထပ်တော့မယ့် Penthouse ဇာတ်လမ်းတွဲမင်းသား ယွန်ဂျွန်ဟွန်း

yoonhan.jpg

နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲ Penthouse မှာ ခွဲစိတ်ဆရာဝန်ကြီး ဟာယွန်းချော အဖြစ်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသား ယွန်ဂျွန်ဟွန်း ဟာသူ့ထက် ၁၀ နှစ်ငယ်တဲ့ မင်းသမီး ဟာအွန်ဆိုး နဲ့နိုဝင်ဘာလမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ မင်္ဂလာပွဲကို နိုဝင်ဘာ ၁ ရက်နေ့ကျ ဆိုးလ်မြို့၊ ဂန်နမ်ရှိ နေရာတစ်ခု (တည်နေရာကို မဖော်ပြ)မှာ ကျင်းပသွားမှာပါ။

အသက် ၄၂ နှစ်အရွယ် ဂျွန်ဟွန်းဟာ စက်တင်ဘာ ၇ ရက်နေ့က သူ့ရဲ့ပရိသတ်ကို လက်ရေးစာတစ်စောင်နဲ့ အသိပေးခဲ့တာပါ။ ” အရမ်းထူးခြားတဲ့သူတစ်ယောက်ကို ကျွန်တော်ရှာတွေ့ခဲ့ပြီး ကျွန်တော့်ရဲ့ကျန်ရှိနေတဲ့ဘဝကို သူ့နဲ့အတူ ကုန်ဆုံးချင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားနားလည်ပြီး ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို တိုးတက်အောင်လုပ်ပြီးနောက် အိမ်ထောင်ရေးကတဆင့် အစပြုခြင်းအသစ်ကို စတင်တော့မှာဖြစ်ပါတယ်။ အခုကစပြီး ခင်ပွန်းတစ်ယောက်အနေနဲ့ရော မင်းသားယွန်ဂျွန်ဟွန်းအနေနဲ့ပါ တာဝန်အပြည့်နဲ့ နေထိုင်ချင်ပါတယ်။ ကျွန်တော့် အမြဲပြောခဲ့သလိုပဲ တော်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်ရော ကောင်းမွန်တဲ့လူတစ်ယောက်အဖြစ်ပါ ရပ်တည်သွားမှာပါ။ ဒီသတင်းကောင်းကို မျှဝေရင်း ကျွန်တော့်နဲ့အတူ ပြုံးပျော်ရွှင်ပြီး ကောင်းချီးပေးနိုင်ရင် ကျွန်တော်ကျေးဇူးတင်ပါတယ် ” လို့ သူက ရေးသားခဲ့ပါတယ်။

ယွန်ဂျွန်ဟွန်း နဲ့ ဟာအွန်ဆိုးတို့က ၂၀၁၈ ခုနှစ်ရဲ့ Return ဇာတ်လမ်းတွဲရိုက်ကွင်းမှာ ပထမဆုံးဆုံမိခဲ့ကြပြီး နှစ်တော်တော်ကြာ တွဲခဲ့ပြီးတဲ့နောက်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: Penthouse star Yoon Jong-hoon and actress Han Eun-seo reveal relationship and upcoming wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top