ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ဟာရီကိန်း ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ထိပ်တန်းခွဲစိတ်ဆရာဝန် သုံးသပ်

yyl-018-8.jpg

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ယူရို-၂၀၂၀ ပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာဖွယ်မရှိဘူးလို့ ထိပ်တန်းအရိုး၊ အကြောခွဲစိတ်ဆရာဝန်တစ်ယောက်က ပြောပါတယ်။ စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘယ်ဘက်တံကောက်ကြောအရွတ် စုတ်ပြဲမှုကို ခွဲစိတ်ကုသခဲ့ရပါတယ်။ လာမယ့်ဧပြီလကျရင် ဟာရီကိန်း လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ စပါးအသင်းက ပြောပါတယ်။

ဒါပေမဲ့ တံကောက်ကြောအရွတ်စုတ်ပြဲမှု ခွဲစိတ်ကုသရာမှာ နာမည်ကျော်ကြားတဲ့ အင်္ဂလန်ခွဲစိတ်ဆရာဝန် ခရစ်ဝီလ်ဆင်ကတော့ ဟာရီကိန်းအနေနဲ့ ၆ လအနားယူရဖို့ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ခရစ်ဝီလ်ဆင်ဟာ တံကောက်ကြောအရွတ်စုတ်ပြဲမှုဒဏ်ရာတွေကို ၇၅ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသပေးခဲ့သူပါ။ ဟာရီကိန်းက ဆေးပညာဆိုင်ရာ ယူဆချက်တွေကို လွန်ဆန်ပြီး အရင်တုန်းက သတ်မှတ်ချိန်မတိုင်ခင် ဒဏ်ရာပျောက်ကင်းခဲ့ဖူးတဲ့ သက်သေသာဓကတွေ ရှိပေမဲ့ တံကောက်ကြောအရွတ် စုတ်ပြဲမှုဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူထားရလို့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားနိုင်ရင် သူ့အနေနဲ့ အရမ်းအံ့သြမိမယ်လို့ ခရစ်ဝီလ်ဆင်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top