အစားအစာရဲ့ အနံ့ကို ရှုကြည့်တာဟာ ကိုယ်အလေးချိန် တိုးလာစေနိုင်သလား

490e28c60ed540d98b4bb9db6d724e78.jpg

UC Berkeley က သုတေသနပညာရှင်တွေက အရမ်းထူးဆန်းတဲ့ စမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါပြီ။ ဒါကတော့ အစားစားခါနီး အစားအစာကို အနံ့ရှူကြည့်တာက ကိုယ်အလေးချိန်ကို တိုးစေပါသတဲ့။


အရင်တစ်ပတ်က ထုတ်ဝေခဲ့တဲ့ ဆောင်းပါးမှာ ဒီသုတေသနအဖွဲ့က ပြောခဲ့တာကတော့ အစားအစာကို အနံ့ခံတဲ့ အာရုံဟာဆိုရင် အဆီတွေကို ချေဖျက်ပေးမယ့်အစား သိုလှောင်ဖို့ကိုသာ တွန်းအားပေးတယ်ဆိုတာပါပဲ။ ဒီလေ့လာချက်က တကယ်တော့ ကြွက်တွေနဲ့ပဲ စမ်းသပ်ရသေးတာပါ။ ဒါပေမယ့် ရလဒ်ကတော့ အံ့မခန်းပါပဲ။

ကြွက်တွေကို သုံးစုခွဲပြီး စမ်းသပ်ခဲ့တာပါ။ ပုံမှန် အနံ့ခံနိုင်တဲ့ ကြွက်တွေ၊ အနံ့ခံအာရုံ ချို့ယွင်းနေအောင်ပြုလုပ်ထားတဲ့ ကြွက်တွေနဲ့ အနံ့ခံအာရုံခံ အထူးအားကောင်းတဲ့ ကြွက်တွေဆိုပြီး သုံးစုခွဲခဲ့ပါတယ်။ ဒီကြွက်တွေအကုန်လုံး ကိုတော့ အဆီပါဝင်မှုနှုန်း မြင့်တဲ့ ဘာဂါကင်းက အစားအသောက်တွေကျွေးပြီး စမ်းသပ်ခဲ့တာပါ။

အဲ့ဒီအခါမှာတော့ အနံ့အာရုံချို့ယွင်းနေတဲ့ ကြွက်တွေက ကျန်တဲ့ ကြွက်အဖွဲ့ နှစ်ဖွဲ့ထက် စာရင် ကိုယ်အလေးချိန်ဘာမှ တိုးမလာတာကို တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ အစားအသောက် အစီအစဉ်တွေအတိုင်း ကြွက်တွေကို ကျွေးမွေးစမ်းသပ်လိုက်တဲ့ အခါမှာတော့ ပုံမှန် အနံ့ခံအာရုံရှိတဲ့ ကြွက်တွေက မူလဆိုဒ်ထက် နှစ်ဆလောက်ကြီးလာပြီးတော့ အနံ့ခံအာရုံချို့ယွင်းအောင် ပြုလုပ်ထားတဲ့ ကြွက်တွေကတော့ မူလ အလေးချိန်ထက် ဆယ်ရာခိုင်နှုန်းပဲ တိုးလာတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဝလာတဲ့ ကြွက်တွေဟာဆိုရင်လဲ သူတို့ရဲ့ အနံ့ခံအာရုံကို ဖယ်ရှားလိုက်တာနဲ့ အစားအသောက်ပုံစံကို ပြောင်းလဲစရာမလိုပဲ အဆီပိုတွေကျသွားပြီး လိုအပ်တဲ့ ကိုယ်အလေးချိန်ကို ပြန်လည်ရရှိသွားမှာပါ။

သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီအရာကတော့ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာပါပဲ။ ပြီးတော့ ဒီစမ်းသပ်ချက်က လူသားတွေအတွက်လဲ အလုပ်ဖြစ်နိုင်ပါသတဲ့။ ဦးနှောက်ကို အရူးလုပ်ပြီး လူတွေက သူတို့ရဲ့ အနံ့ခံအာရုံကို ခဏတဖြုတ်ဖျောက်ထားခြင်းအားဖြင့် ကယ်လိုရီတွေကို ကိုယ်ထဲမှာ သိမ်းဆည်းထားမယ့်အစား ချေဖျက်ပစ်နိုင်မှာပါ။

ဒါပေမယ့် အခုကိစ္စမှာ ဆိုးကျိုးတွေလဲ ရှိပါတယ်။ အကြီးဆုံး ဆိုးကျိုးတစ်ခုကတော့ စားသုံးသူဟာ အစားအသောက် စားသောက်ရာမှာ ဘာအရသာမှ သေချာရရှိမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် ကားထဲကို လောင်စာဆီ ဖြည့်နေသလိုပဲ အစားအသောက် စားသောက်ခြင်းကို အရသာမရှိဘဲ ဖြစ်ရိုးဖြစ်စဉ် ကိစ္စကြီးတစ်ခုလို ပြုလုပ်နေရတော့မှာပဲ ဖြစ်ပါတယ်။ “အစားအသောက်ရဲ့ အနံ့ကို မရရှိတဲ့ အတွက် စားသုံးသူတွေဟာ စိတ်ဓာတ်ကျလာနိုင်ပါတယ်။ အစာစားတဲ့အချိန်မှာရရှိတဲ့ ကျေနပ်နှစ်သိမ့်မှုကိုတော့ လက်လွတ်လိုက်ရမှာဖြစ်တယ်။” လို့ သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်က ဆိုပါတယ်။

Ref:Just Smelling Food Could Make You Gain Weight

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top