ကိုယ့်ကျောနံပါတ်ကို မေ့နေတဲ့ ဘာကာယိုကိုရဲ့ ရယ်စရာအဖြစ်

yyl-023-5.jpg

ချဲလ်ဆီးကနေ မိုနာကိုမှာ အငှားသွားရောက်ကစားနေတဲ့ ကွင်းလယ်လူ ဘာကာယိုကိုဟာ သူ့ကျောနံပါတ်သူ မေ့သွားလို့ ရယ်စရာအဖြစ် ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အာမီယန်းအသင်းကို (၃)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ စတုတ္ထဒိုင်က နံပါတ်(၁၄)အစား နံပါတ်(၂၂)ကစားသမား လူစားဝင်မယ်လို့ ဘုတ်ပြားထောင်ပြခဲ့ပါတယ်။ မိုနာကိုအသင်းရဲ့ နံပါတ်(၁၄)ကစားသမားက ကီတာဘယ်ဒီဖြစ်ပါတယ်။

ဒါပေမဲ့ ကျောနံပါတ်(၆) ကစားသမား ဘာကာယိုကိုက လက်ခုပ်တီးပြီး ကွင်းထဲက ထွက်ဖို့ ဟန်ပြင်ခဲ့ပါတယ်။ သူ့လုပ်ရပ်ကြောင့် မိုနာကို အသင်းဖော်တွေလည်း မှင်သက်သွားကြပါတယ်။ ကွင်းဘေးစည်း ရောက်ခါနီးတော့မှ လူစားလဲခံရတာ သူမဟုတ်မှန်း သိခဲ့ပါတယ်။ ဘာကာယိုကိုဟာ ချဲလ်ဆီးကို မပြောင်းခင်တုန်းက မိုနာကိုအသင်းမှာ ကျောနံပါတ်(၁၄)ဂျာစီကို အချိန်အကြာကြီး ဝတ်ဆင်ခဲ့သူပါ။ အဲဒါကြောင့် သူ့ကိုယ်သူ ကျောနံပါတ်(၁၄) ဝတ်ထားတယ်လို့ပဲ စိတ်စွဲနေခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီးကနေ အငှားပြန်ရောက်လာချိန်မှာ ကျောနံပါတ်(၆)ဝတ်ဆင်ကစားခဲ့ပါတယ်။ သူ့အဖြစ်ကို သိသွားပြီးနောက်မှာတော့ ဘာကာယိုကိုက ဟန်မဆောင်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top