အာဆင်နယ်နဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အူဘာမီယန်း

16-9-2020-yyl-025.jpg

အာဆင်နယ်အသင်းနဲ့အတူ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုပြီးနောက်မှာတော့ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင် ကစားသမားတစ်ယောက် ဖြစ်လာချင်တယ်လို့ အသင်းခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အူဘာမီယန်းဟာ အခြေခံလုပ်လအဖြစ် တစ်ပတ်ကို ပေါင် ၂၅၀၀၀၀ ရရှိမှာဖြစ်ပြီး ဆုကြေးငွေနဲ့ သစ္စာရှိမှုအလိုက် ပေးအပ်တဲ့ ခံစားခွင့်အရ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ကျော် ရရှိမှာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ လုပ်ခလစာအများဆုံးကစားသမားဖြစ်တဲ့ အိုဇေးလ် ( တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေသူ)ထက် လုပ်ခလစာ ပိုများလာဖို့ ရှိနေပါတယ်။

” အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်လာချင်လို့ ကျွန်တော် အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ အသင်းမှာ ကျွန်တော့်ရဲ့အမွေအနှစ် ချန်ရစ်ခဲ့ချင်ပါတယ်။ အသင်းရဲ့ဂန္ထဝင်ဖြစ်ဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာ သေချာပါတယ်။ အလုပ်အများကြီး လုပ်ရမယ့် အချိန်ပါ” လို့ အူဘာမီယန်းက ပြောပါတယ်။ အူဘာမီယန်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဒေါ့မွန်ကနေ အာဆင်နယ်သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၁၁၁ ပွဲ ကစားရာမှာ ၇၂ ဂိုးသွင်းပြီး ၁၅ ဂိုး ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top