ဘီလ် ဂိတ် (Bill Gates) ဆီကနေ ခရစ်စမတ်လက်ဆောင်ရရှိခဲ့တဲ့ လူမှုကွန်ယက်အသုံးပြုသူ

yyl-051.jpg

အခုနှစ်မှာတော့ မီချီဂန်ပြည်နယ်က Reddit အကောင့်အသုံးပြုသူ ရှယ်လ်ဘီ (Shelby) ဆိုတဲ့ မိန်းကလေးဟာ ခရစ်စမတ်လက်ဆောင်ကို ဘီလ်ဂိတ်ဆီကနေ ရရှိသွားခဲ့ပါတယ်။ ဘီလ် ဂိတ်ဆီကရရှိတဲ့ခရစ်စမတ်လက်ဆောင်ဗူးက (၈၁) ပေါင်တောင် အလေးချိန်ရှိတယ်လို့ ဆိုပါတယ်။ ဘီလ် ဂိတ် ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ The Great Gatsby မူရင်းစာအုပ်အပါအဝင် စာအုပ်တွေ၊ အိမ်မွေးကြောင်လေးအတွက် အရုပ်တွေ၊ Harry Potter နဲ့ Twin Peaks ရဲ့အမှတ်တရပစ္စည်း တွေထည့်ထားတဲ့ လက်ဆောင်ဗူးလေးကို ရှယ်လ်ဘီက သူ့ရဲ့အကောင့်မှာ တင်ခဲ့တဲ့ပို့စ်အရ သိခဲ့ရပါတယ်။

ရှယ်လ်ဘီက RedditGifts.comမှာ နှစ်တိုင်းလက်ဆောင်ပစ္စည်း အလဲအလှယ်လုပ်တဲ့ Secret Santa ကတဆင့် ဘီလ် ဂိတ်ရဲ့လက်ဆောင်ကို ရရှိခဲ့တာပါ။ အဲဒီဝက်ဆိုတ်ကို Reddit လူမှုကွန်ယက်က ကိုင်တွယ်ထားပါတယ်။ “ဘီလ် ဂိတ်က နေ့တိုင်း ဒီအစီအစဉ်မှာ ပါဝင်ဆင်နွှဲနေကျပါ။ ဒါပေမဲ့ သူက ကျွန်မရဲ့ Secret Santa ဖြစ်မယ်လို့ ကျွန်မဘယ်တော့ကမှမတွေးခဲ့ဖူးပါဘူး။ တကယ်ကို အံ့အားသင့်စရာပါပဲ” လို့ ရှယ်လ်ဘီက ပြောပါတယ်။

Reddit ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ဘီလ် ဂိတ်က လက်ဆောင်ပစ္စည်းပို့ခဲ့ကြောင်းနဲ့ ၂၀၁၃ခုနှစ်ကတည်းက ဘီလျံနာ ဘီလ် ဂိတ်က လက်ဆောင်လဲလှယ်တဲ့အစီအစဉ်မှာ ပါဝင်ဆင်နွှဲနေခဲ့တာဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

သူ့ရဲ့လက်ဆောင်က သင်္ဘောနဲ့ ပို့ဆောင်နေတယ်ဆိုတဲ့ အသိပေးစာကို ဒီဇင်ဘာ၁၇ရက်နေ့မှာ လက်ခံရရှိကတည်းက ရှယ်လ်ဘီက တစ်ခုခုကို သံသယရှိခဲ့တယ်လို့ ဆိုပါတယ်။ “ဝါရှင်တန်ကနေ လက်ဆောင်ကို သင်္ဘောနဲ့ ပို့လိုက်တယ်ဆိုတဲ့ အသိပေးစာကို ကျွန်မရခဲ့လို့ ကျွန်မ့ခင်ပွန်းကို ဘီလ် ဂိတ်ဆီက ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ နောက်နေ့မနက် ကျွန်မကြည့်လိုက်တဲ့အခါမှာ (၈၁) ပေါင်ရှိတဲ့ လက်ဆောင်ကို မြင်ခဲ့ပါတယ်။ဒါ တကယ်ကို ဘီလ် ဂိတ်ဆီကဖြစ်နိုင်တယ်လို့တောင် ကျွန်မ တွေးမိခဲ့ပါတယ်” လို့ ရှယ်လ်ဘီက ပြောပါတယ်။

ဒီလက်ဆောင်က ရှယ်လ်ဘီအတွက် ခက်ခဲတဲ့နှစ်မှာရောက်လာခဲ့တာပါ။ သူ့မိခင်က ဧပြီလ သူ့မင်္ဂလာဆောင်မတိုင်ခင် (၁၀) ရက်မှာ မထင်မှတ်ထားဘဲ သေဆုံးခဲ့ပါတယ်။ ဒီနှစ်ကတော့ သူမအတွက် ပျော်ရွှင်ရတဲ့နှစ်ဖြစ်ခဲ့သလို ဝမ်းနည်းစေတဲ့နှစ်လည်းဖြစ်ခဲ့ပါတယ်။

ဘီလ် ဂိတ်ဆီက ရရှိတဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့လက်ဆောင်က American Heart Association ကို ရှယ်လ်ဘီရဲ့မိခင်ကို ရည်စူးပြီး လှူဒါန်းမှုပါပဲ။ ရှယ်လ်ဘီရဲ့မိသားစုက သူ့မိခင်ရဲ့နာရေးပြီးတော့ AHA ဆီလှူဒါန်းမှုလုပ်ဖို့ တောင်းဆိုခဲ့ဖူူးပါတယ်။ အဲဒါကို ဘီလ် ဂိတ်က ဖြည့်ဆည်းပေးခဲ့ပါတယ်။ ရှယ်လ်ဘီအတွက် ဘီလ် ဂိတ်ဟာ စာလေးတစ်စောင်လည်း ရေးထားပါတယ်။ အဲဒါကတော့ “ဘယ်လက်ဆောင်ပစ္စည်းကမှ မင်းအတွက် အရေးပါတဲ့တစ်စုံတစ်ယောက်ဆုံးရှုံးရတာကို သက်သာစေနိုင်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ မင်းနဲ့မင်းရဲ့မိသားစု အခုအားလပ်ရက်မှာ နဂိုအခြေအနေအတိုင်းပြန်ဖြစ်ဖို့ မျှော်လင့်ပါတယ်” ဆိုတာပါပဲ။

RedditGift.com က လက်ဆောင်လဲလှယ်တဲ့အစီအစဉ်မှာ ရှယ်လ်ဘီ ပါဝင်ဆင်နွှဲခဲ့တာ ဒါနဲ့ဆို (၉၅) ကြိမ်မြောက်ဖြစ်ပါတယ်။ (၉၅) ကြိမ်ြမောက်မှာပဲ ဘီလ် ဂိတ်ဆီကနေ လက်ဆောင်ပစ္စည်းရရှိခဲ့တာဖြစ်ပါတယ်။

Ref: Reddit user receives Secret Santa gift from Bill Gates

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top