အက်ရှင်မင်းသားကြီး ကီနူးရိဗ်စ် စွံတော့မှာလား

yyl-017-3.jpg

ပရိသတ်တွေ လေးစားချစ်ခင်ကြတဲ့ John Wick မင်းသားကြီး ကီနူးရိဗ်စ်က သူ့ရဲ့အချစ်ရေးကို အမြဲတမ်းလျှို့ဝှက် ထားတတ်ပါတယ်။ သူ့ကို မိန်းကလေးတစ်ယောက်နဲ့အတူ လူမြင်ကွင်းမှာ ပရိသတ်တွေမမြင်ရတာ ကြာလှပါပြီ။ အခုတော့ ကီနူးရိဗ်စ်က ပရိသတ်တွေကို ခန့်မှန်းပြောဆိုရအောင် လုပ်လိုက်ပြန်ပါပြီ။ LACMA Art + Film Gala ပွဲမှာ ကီနူးရိဗ်စ်ကို ပန်းချီပညာရှင် အလက်ဇန်ဒရာ ဂရန်တ် (Alexandra Grant) နဲ့ လက်ချင်းတွဲထားတာကို တွေ့မြင်ခဲ့ရပါတယ်။

ပရိသတ်တွေက သူတို့နှစ်ယောက်ကို ချစ်သူတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။ အခုဆိုရင် Red Carpet ပေါ်က ရိဗ်စ်နဲ့ ဂရန်တ်တို့ရဲ့ ပုံတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့နေပါတယ်။ ၂၀၀၁ခုနှစ်က ရိဗ်စ်ရဲ့ချစ်သူ ဂျနီဖာ ဆီမီ (Jennifer Syme) သေဆုံးပြီးကတည်းက သူ့ကို ကောင်မလေးနဲ့ မမြင်တွေ့ခဲ့ရတာပါ။ အခုတော့ အတည်တကျ ဖြစ်မယ့်လက်တွဲဖော်နဲ့ သူ့ကို မြင်တွေ့ရတော့မယ်ဆိုပြီး ပရိသတ်အများစုက ပျော်ရွှင်နေကြပါတယ်။

သူတို့နှစ်ယောက်ကို တပူးတတွဲတွဲမြင်ရတာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ အရင်ကလည်း ရိဗ်စ်နဲ့ ဂရန်တ်တို့က လက်ချင်းတွဲခဲ့ဖူးကြပါတယ်။ သူတို့နှစ်ယောက် ပူပေါင်းပြီး “Ode To Happiness and Shadows” စာအုပ်ကိုတောင် ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်မှာ ရိဗ်စ်က ကဗျာရေးပြီး ဂရန်တ်ကတော့ ပန်းချီဆွဲပေးထားပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေပြီဆိုတဲ့ သတင်းလည်းထွက်ရှိခဲ့သလို အောက်တိုဘာလ အလယ်တုန်းကလည်း လော့စ်အိန်ဂျယ်လိစ်မြို့က ဆူရှီဆိုင်တစ်ခုကနေ သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး ထွက်လာတဲ့ပုံကို ရိုက်ထားမိခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်တွဲနေကြတာ ဟုတ်မဟုတ်ကိုတော့ သူတို့ဘက်က အတည်ပြုပြောဆိုတာကို စောင့်စားရတော့မှာဖြစ်ပါတယ်။

မင်းသားကြီးကီနူးရိဗ်ပါဝင်မယ့် “The Matrix” စတုတ္ထမြောက်ဇာတ်ကားကလည်း ၂၀၂၀ခုနှစ်မှာ ရိုက်ကူးရေးစတင်မှာဖြစ်ပါတယ်။

Ref: Keanu Reeves, 55, Goes Public With His Alleged Girlfriend, 46, For The First Time Ever

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top