ဖျော်ဖြေပွဲအပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရတယ်ဆိုတဲ့ ကမ္ဘာကျော်အဆိုတော် လိုင်ယွန်နယ်ရစ်ချီ

rict.jpg

အသက် ၇၇ နှစ်အရွယ် ဂရမ်မီဆုရှင်အမေရိကန်အဆိုတော် လိုင်ယွန်နယ်ရစ်ချီဟာ ဖျော်ဖြေပွဲတစ်ခုအပြီး အထူးကြပ်မတ်ကုသဆောင်မှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့က All Night Long သီချင်းနဲ့ ဖျော်ဖြေပွဲပြီးနောက် သူ့အဖွဲ့သားကို ထိုင်ခုံတစ်လုံးယူလာပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲအပြီး မကြာခင်မှာ စစ်ဆေးမှုတချို့ပြုလုပ်ဖို့ ဆေးရုံကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ သူ့ကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးခဲ့ပြီး ဩဂုတ် ၃၁ ရက်နေ့မွန်းလွဲပိုင်းအထိ ဆေးရုံမှာ ရှိနေဆဲဖြစ်ပါတယ်။ သတင်းတွေမှာတော့ စက်တင်ဘာ ၁ ရက်နေ့မှာ ဆေးရုံဆင်းနိုင်ဖွယ်ရှိတယ်လို့ ဆိုထားပါတယ်။ ကျန်းမာရေးအခြေအနေအသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

သူ့ရဲ့ Sing a Song All Night Long Tour အနေနဲ့ နောက်ထပ်ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ကျ ဆန်ဖရန်စစ္စကိုမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဇွန်လနှောင်းပိုင်းကလည်း ဖျော်ဖြေပွဲပထမညအတွင်း စင်ပေါ်မှာ နေမကောင်းဖြစ်လို့ ဖျော်ဖြေပွဲ ၂ ခုကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

Ref: Lionel Richie reportedly hospitalised in ICU after concert

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top