ထီပေါက်ရင် ဝန်ထမ်းတွေကို ခွဲပေးဖို့ ထီလက်မှတ် ၅၀၀၀၀ ဝယ်ယူခဲ့သူ

28-7-2022-yyl04.jpg

Mega Millions ထီရဲ့ အလယ်ပုံဆုကြေးက ပေါင်သန်း ၈၁၀ အထိ မြင့်တက်လာချိန်မှာ Raising Cane စားသောက်ဆိုင်လုပ်ငန်းစုရဲ့ အမှုဆောင်ချုပ်က ဝန်ထမ်း ၅၀၀၀၀ အတွက် ရည်ရွယ်ပြီး ထီလက်မှတ်အစောင်ရေ ၅၀၀၀၀ ဝယ်ယူခဲ့ပါတယ်။

လက်ရှိထီဆုကြေးဟာ Mega Millions ထီသမိုင်းမှာ တတိယအများဆုံး ဆုကြေးငွေဖြစ်ပြီး အမေရိကန်နိုင်ငံ ထီသမိုင်းမှာ စတုတ္ထအများဆုံးဖြစ်ပါတယ်။ ထီလက်မှတ် အစောင်ရေ ၅၀၀၀၀ ထဲက ရရှိလာတဲ့ ဆုကြေးငွေတွေကို ဝန်ထမ်းအားလုံးအတွက် ခွဲဝေပေးမယ်လို့ တော့ဒ်ဂရာဗက်စ်က ဆိုပါတယ်။

” ဝန်ထမ်းတွေရဲ့ အားထုတ်ကြိုးပမ်းမှုမပါရင် Raising Cane က ဒီလောက်အထိ အောင်မြင်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေ ပျော်ရွှင်စေဖို့ အမြဲဆန္ဒရှိပါတယ်။ ကံကောင်းရင်တော့ ထီထွက်ရင် ပျော်ရမှာပေါ့” လို့ တော့ဒ်ဂရာဗက်စ်က ပြောပါတယ်။

ဆိုင်ခွဲပေါင်း ၆၀၀ ကျော်ရှိတဲ့ Raising Cane အသင့်စား စားသောက်ဆိုင်ဟာ ကြက်ရင်ပုံကြော်ကြောင့် နာမည်ကြီးပါတယ်။

Ref: Raising Cane’s CEO Buys 50K Mega Millions Tickets, Plans To Split Jackpot With Employees

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top