အဝတ်အစားနဲ့ ဖိနပ်ဝယ်ပေးပြီး လူသားချင်းစာနာမှုနဲ့ ဖြေရှင်းခဲ့တဲ့ ရဲအရာရှိ

11-11-2022yyl02.jpg

အဝတ်အစား မလုံ့တလုံ ဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကို မြင်ရလို့ ပတ်ဝန်းကျင်က ရဲကို ဖုန်းဆက်တယ်။ ကာယိန္ဒြေပျက်ပြားမှုလို့ လှမ်းတိုင်တာပါ။ ရဲအရာရှိ ၂ ယောက် ရောက်လာပြီး အကျိုးအကြောင်း မေးကြည့်တဲ့အခါ အမျိုးသားက မရှိဆင်းရဲသား ဖြစ်နေတယ်။ ငုယင်လို့ အမည်ရတဲ့ ရဲအရာရှိတစ်ယောက်က သူ့ကို အရေးမယူဖို့ ဆုံးဖြတ်ပြီး အနီးနားမှာရှိတဲ့ Walmart ဆိုင်ကနေ အင်္ကျီ၊ ဘောင်းဘီနဲ့ ဖိနပ်အသစ် တစ်ရံ ဝယ်ပေးခဲ့တယ်။

ဒါဟာ ရဲတစ်ယောက်ရဲ့ လုပ်ထုံးလုပ်နည်းအရ အရေးယူပြီး ဖြေရှင်းသင့်တဲ့ ကိစ္စမျိုး မဟုတ်၊ လူသားချင်းစာနာမှုနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စလို့ ရဲအရာရှိ ငုယင်က တွေးခဲ့တယ်။ အောက်တိုဘာလ ၃၁ ရက်က အမေရိကန်နိုင်ငံ အတ္တလန္တာမြို့မှာ အခုလို ဖြစ်ခဲ့တာပါ။ ရဲအရာရှိ ငုယင်ရဲ့ ဆုံးဖြတ်ချက်ကို လူအများက ချီးကျူးကြတယ်။ အတ္တလန္တာရဲစခန်းကလည်း သူတို့ရဲ့လူမှုကွန်ရက်ကနေ ရဲအရာရှိ ငုယင်ကို ချီးကျူးခဲ့တယ်။

Ref: Officer Responds To Indecency Call, Buys Man Clothes Instead Of Giving Citation

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top