အာဆင်နယ်နောက်ခံလူ ချမ်ဘာ (၉)လကြာ အနားယူရဖွယ်ရှိ

51-1.jpg

ချဲလ်ဆီးနဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ချမ်ဘာဟာ (၉)လကြာ အနားယူရဖို့ ရှိနေပါတယ်။ ချမ်ဘာဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းက လန်ဒန်မြို့မှာ ဘယ်ဘက်ဒူးအရွတ် စုတ်ပြဲဒဏ်ရာကို ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။ ချမ်ဘာအနေနဲ့ (၆)လကနေ (၉)လကြား အနားယူရဖို့ရှိနေတယ်လို့ အာဆင်နယ်က အတည်ပြုခဲ့ပါတယ်။ ချမ်ဘာ အနားယူရမယ့်အတွက် ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ အာဆင်နယ်အသင်း ကစားသမားသစ် ခေါ်ယူမှုလုပ်ရလိမ့်မယ်လို့ အာတီက ဆိုပါတယ်။

”ဒဏ်ရာတော်တော်ပြင်းပါတယ်။ အခြေအနေကောင်းပုံမပေါ်ဘူး။ အသင်းအင်အား တောင့်တင်းလာမယ့် ရွေးချယ်စရာတွေရှိလာဖို့ အပြောင်းအရွှေ့စျေးကွက်မှာ ဝငရောက်လှုပ်ရှားရမယ်”လို့ အာတီတာက ပြောပါတယ်။ ပြီးခဲ့တဲ့လက ဝက်စ်ဟမ်းနဲ့ပွဲမှာ ပခုံးအဆစ်လွဲသွားတဲ့ ဘယ်နောက်ခံလူ တီယာနေးကလည်း ခွဲစိတ်မှုလုပ်ခဲ့ရလို့ (၃)လကြာ အနားယူရမယ်လို့ အာဆင်နယ်က အတည်ပြုထားပါတယ်။ အာဆင်နယ်အသင်းနဲ့ အသင်းခေါင်းဆောင် အူဘာမီယန်း ချုပ်ဆိုထားတဲ့ စာချုပ်က (၁၈)လပဲ ကျန်ရှိတော့ပြီး အာတီတာက အူဘာမီယန်းကို ဆက်ထိန်းဖို့ ဆန္ဒရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top