Billboard ဇယားရဲ့ထိပ်ဆုံးရောက်ပြီး အအောင်မြင်ဆုံးအယ်လ်ဘမ်ဖြစ်နေတဲ့ အဒဲလ်ရဲ့ “30”

30-11-2021yyl6.png

အသံအားကောင်းကောင်းနဲ့ သီဆိုနိုင်တဲ့ အဒဲလ် (Adele) ဟာ သူ့ရဲ့သီချင်းအယ်လ်ဘမ်အသစ်နဲ့ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။ သူ့ရဲ့ သီချင်းအယ်လ်ဘမ်အသစ် “30” က Billborad 200 ဇယားမှာ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

အဒဲလ် ထွက်ရှိသမျှ သီချင်းအယ်လ်ဘမ်တိုင်းက အောင်မြင်တယ်လို့ ပြောရမှာပါပဲ။ “30” အယ်လ်ဘမ်က အသက် ၃၃ နှစ်အရွယ် အဒဲလ်အတွက် နံပါတ် ၁ ချိတ်တဲ့ တတိယမြောက်သီချင်းအယ်လ်ဘမ်ပါ။ အရင်ထွက်ရှိခဲ့တဲ့ ၂၀၁၅ခုနှစ်က “25” နဲ့ ၂၀၁၁ခုနှစ်က “21” သီချင်းအယ်လ်ဘမ်တွေကလည်း နံပါတ် ၁ နေရာကို ရောက်ရှိခဲ့ဖူးပါတယ်။

အဒဲလ်က Billboard ဇယားမှာ ထိပ်ဆုံးရောက်အောင် လုပ်နိုင်ရုံသာမက ပထမအပတ်မှာတင် ၂၀၂၁ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ အခြားအယ်လ်ဘမ်တွေထက် ကျော်ပြီးလည်း အောင်မြင်မှုရရှိထားပါတယ်။ “30” အယ်လ်ဘမ်က ထွက်ရှိခဲ့တဲ့ ရက်ကစပြီးနိုဝင်ဘာ ၂၅ ရက် တစ်ပတ်တာအတွက် အမေရိကန်မှာ ၈၃၉,၀၀၀ အယ်လ်ဘမ်ယူနစ်နဲ့ညီမျှတဲ့ ဝင်ငွေကို ရရှိခဲ့ပါတယ်။ ယူနစ် ၆၁၃,၀၀၀ ရရှိခဲ့တဲ့ ဒရိတ် (Drake) ရဲ့ “Certified Lover Boy” ကို ကျော်တက်သွားခဲ့တာပါ။

“30” သီချင်းအယ်လ်ဘမ်က အဒဲလ်ရဲ့စတုတ္ထမြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ပြင် (၆) နှစ်အကြာမှာ ထွက်ရှိခဲ့တဲ့ ပထမဆုံးသီချင်းအယ်လ်ဘမ်အသစ်ဖြစ်ပါတယ်။

Ref: ABCNews “Adele’s ’30’ scores No. 1 on Billboard chart, becomes year’s biggest release”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top