ကလေးကို နှုတ်ခမ်းချင်း တေ့ မနမ်းသင့်သည့် အကြောင်း

mom-child.jpg

အချို့ မိဘများဟာ ကလေးငယ်ကို နှုတ်ခမ်းချင်း တေ့ဆိုင် နမ်းကြ ပါတယ်။ ယင်းဟာ အင်မတန် မှားယွင်းတဲ့ အလေ့အထ ဖြစ်ပါတယ်။ နှုတ်ခမ်းချင်း တေ့ဆိုင် နမ်းတဲ့အခါ ပါးစပ်နှင့် နှုတ်ခမ်း တစ်ဝှက်က အရည်များ ဖလှယ်ခြင်း ဖြစ်ပြီး လူကြီးတွေ အချင်းချင်းတွက်ဆိုရင် ကိစ္စ မရှိပါဘူး။ ဘာလို့လဲဆို ယင်း အရည်မှာ ပါတဲ့ Virus ကို ခံနိုင်ရည် ရှိကြလို့ပါ။

ဒါပေမယ့် ကလေးနဲ့ နမ်းတဲ့အခါ ကျရင်တော့ အန္တရာယ် ရှိပါတယ်။ ကလေးမှာ ယင်း လူကြီးရဲ့ နှုတ်ခမ်းက လာတဲ့ Virus ကို ခံနိုင်ရည် မရှိပါဘူး။ ယင်း Virus ကြောင့်မို့ အသက်သာဆုံး ရောဂါ ဆိုရင် ရင်ကြပ်၊ ချောင်းဆို၊ လည်ချောင်းနာ တို့လောက်သာ ဖြစ်နိုင်ပေမယ့် အကယ်၍ ခံနိုင်ရည်အား အင်မတန် နုနယ်တဲ့ ကလေးငယ် ဆိုရင် အသက် သေဆုံးတဲ့ အထိ ဖြစ်တတ်ပါတယ်။ ယင်းကဲ့သို့ နမ်းမှုကြောင့် အသက် သေဆုံးတဲ့ ကလေးငယ် များလည်း ရှိပါတယ်။ ဒါကို စစ်ဆေးကြည့်တဲ့အခါ ပါးစပ်ကနေ တစ်ဆင့် ဝင်တဲ့ Virus ကနေ ဖြစ်ကြောင်း၊ အခြား လူကြီး တစ်ယောက်ရဲ့ တံတွေးမှ လာတဲ့ Virus ဖြစ်ကြောင်း တွေ့ရှိလိုက်ရခြင်း ဖြစ်ပါတယ်။

လူကြီးချင်း နမ်းရှိုက်မှု အတွက်ကတော့ ယင်းဟာ သာမန် အမှုအရာလေး တစ်ခု ဖြစ်ပေမယ့် က်ိုယ်ခံအား နုနယ်သေးတဲ့ ကလေးတွေ အတွက် အန္တရာယ် များပါတယ်။ ဒါကြောင့်မို့ ကလေးတွေကို ဘယ်လောက် ချစ်ချစ် နှုတ်ခမ်းတေ့နမ်း တာကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ရ ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top