အင်္ဂလန်နိုင်ငံတွင်ကလေးများ ကျောင်းနောက်ကျပါက မိဘများ ပေါင် ၁၂၀ အထိ ဒဏ်ငွေဆောင်ရမည်

School-996315.jpg

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အရှေ့မြောက်ဘက်ပိုင်းရှိ အက်ဆက် စီရင်စု  (Essex county)၊ ဟမ့်ရှီုးလ်ယား စီရင်စု (Hampshire county)၊ ဝက်စ်လန်း စီရင်စု (West Midlands county) တို့ရှိ ကျောင်းများဟာ ကျောင်းသားများ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ ကျောင်းနောက်ကျခြင်းတို့အတွက် ကျောင်းသားမိဘများကို ဒဏ်ရိုက်ဖို့ စည်းမျဉ်းထုတ်ပြန်လိုက်ပါတယ်။ ဒီ စည်းမျဉ်းမှာဆိုရင် မနက် ၉နာရီထက် အမြဲကျောင်းနောက်ကျသော ကျောင်းသားများဟာ ပေါင် ၆၀အထိ ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး ဒဏ်ကြေးကို ၂၁ ရက်အတွင်း မပေးရင် ဒဏ်ကြေးနှစ်ဆ ကောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင်ကျောင်းသားများ စည်းကမ်း တိုးတက်စေရန်အတွက် အမှိုက်လွှင့်ပစ်ခြင်း၊ ဝါးပြီး ပီကေများကို လွှင့်ပစ်ခြင်းတို့အတွက် ကျောင်းများမှာ အရေးယူမှုများ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကတော့ “ အခုထုတ်ပြန်လိုက်တဲ့ စည်းကမ်းကြောင့် ကျောင်းသားများ ပညာသင်ကြားရေးအတွက် အကျိုးရှိရုံသာမကပဲ အနာဂါတ်မှာ အရေးကြီးတဲ့ စည်းကမ်းလိုက်နာခြင်း အလေ့အကျင့်ကိုလည်း ရသွားကြမှာ ဖြစ်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Ref : Sky News  News : Parents face fines of up to £120 if children are regularly late to school

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top