ဟီးရိုးအင်း စွဲနေသူများကို ကုသပေးနိုင်မည့် ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့

heroin-large.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် (California)၊ ဆန်ဒီရေဂို မြို့ (San Diego) ရှိ Scripps ဆေးပညာ သုတေသန တက္ကသိုလ်မှ   ဟီးရိုးအင်းစွဲ နေသူများကို ကုသပေးနိုင်မဲ့ ကာကွယ်ဆေး တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။

ဒီဟီးရိုးအင်း ကာကွယ်ဆေးကို မျောက်များတွင် ၈  လကြာစမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့တာကို တွေ့ရှိခဲ့ရပြီး မကြာခင်မှာပဲ ဆေးခန်းများမှာ စမ်းသပ်သွားဖို့ ရှိနေတယ် လို့သိရပါတယ်။
ဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံဟာ ခန္ဓာကိုယ်မှ ဟီးရိုးအင်းကို ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းကို ထုတ်လုပ်ရန် လှုံဆော်ပေးပြီး ဟီးရိုးအင်း  မော်လီကျူးများ ခန္ဓာကိုယ်ထဲ ရောက်လာတဲ့ အခါမှာ ဒီပဋိဇီဝ ပစ္စည်းဟာ ဟီရိုးအင်းမော်လီကြူး များကို ဓာတ်ပြယ်သွားစေပါတယ်။

ဒါကြောင့်  စမ်းသပ်ခံခဲ့ရတဲ့ မျောက်တွေ ဟာ ဟီးရိုးအင်း ထိုးပေးခြင်း ခံခဲ့ရပေမဲ့ ဟီးရိုးအင်းရဲ့ အာနိသင်ကို မခံစားရကြပါဘူး။ ဒီဖြစ်စဉ်မှာဆိုရင်  ဟီးရိုးအင်း မော်လီကျူးများ ဦးနှောက်သို့ မရောက်နိုင်ခင်မှာ ဟီးရိုးအင်း ဆန့်ကျင်တဲ့ ပဋိဇီဝပစ္စည်းဟာ တားဆီး လိုက်နိုင်ပါတယ်။

ဒီကာကွယ် ဆေးဟာ ဟီးရိုးအင်းစွဲနေသူများ အတွက် ကုသပေးနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်လာနိုင်တယ်လို့ တီထွင်သူ  ဆေးပညာရှင် များက မျှော်လင့် နေကြပါတယ်။ စမ်းသပ်ချက်အရ ကာကွယ်ဆေး အာနိသင်ဟာ ၈ လခံတယ်လို့ သိရပြီး ပထမဆုံးတစ်လဟာ  ကာကွယ်ဆေး အာနိသင်အား အကောင်းဆုံး ဖြစ်ပါတယ်။

သို့ပေမဲ့ ဒီကာကွယ်ဆေးဟာ ဟီးရိုးအင်းကိုသာ တိုက်ဖျက်နိုင်ပြီး တခြားသော  ဘိန်းမှဖြစ်တဲ့ ပစ္စည်းများကို တော့ တိုက်ဖျက် နိုင်ခြင်း မရှိသေး ပါဘူး။ ကာကွယ်ဆေး တွေ့ရှိသူဆေးပညာရှင် များကတော့ ဒီကာကွယ်ဆေးကို  လိုင်စင်ပြုလုပ်ဖို့ ကြိုးစားနေပြီး မကြာခင်မှာ လူသားတွေနဲ့ စမ်းသပ်သွားဖို့ ပြင်ဆင်နေ ကြပါတယ်။

Ref : Sky News  News : Humans Could Be Vaccinated Against Heroin, After Successful Trials In Monkeys

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top