စင်ကာပူဘတ်စ်ကားမှတ်တိုင်နားမှာ ကားစောင့်ရင်း အားကစားလုပ်လို့ရ၊ ဖုန်းအားသွင်းလို့ရတဲ့ ရှေ့ပြေးပုံစံကို စတင်မိတ်ဆက်

23-11-2022yyl06.jpg

Singapore University of Technology and Design က ကျောင်းသားအဖွဲ့တစ်ဖွဲ့ဟာ ဘတ်စ်ကား စောင့်ဆိုင်းရတာ အကောင်းဆုံးဖြစ်စေဖို့ နည်းလမ်းတစ်ခု ဖန်တီးခဲ့ကြပါတယ်။ အခုဆိုရင် ကျန်းမာရေးဝန်ကြီးဌာနဲ့ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တို့နဲ့အတူ ပူးပေါင်းပြီး ပထမဆုံး bus stop-gym (ဘတ်စ်ကားစောင့်ရင်း အားကစားလုပ်လို့ရ၊ ဖုန်းအားသွင်းလို့ရ) ရှေ့ပြေးပုံစံ “Recharge”ကို 200 Boon Lay Drive မှတ်တိုင်မှာ စတင်မိတ်ဆက်နေပါပြီ။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အက်စ်မွန်လီ တင်ခဲ့တဲ့ အင်စတာဂရမ်ပို့စ်မှာ အားကစားလုပ်လို့ရတဲ့ ခုံတန်းကို ဘက်စ်ကားစီးနင်းမယ့်သူတွေ ဘယ်လို အသုံးပြုရမလဲဆိုတာ ပြထားပါတယ်။ လီက Boon Lay ဒေသအတွက် ပါလီမန်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဒီရှေ့ပြေးပုံစံပရောဂျက်က နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။

SUTD ကျောင်းသား/သူတွေက ကိုယ်လက်လှုပ်ရှားမှု၊ ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှုနဲ့ အနားယူမှုဆိုင်ရာ ခံယူချက်အပေါ် နားလည်သဘောပေါက်စေဖို့ Boon La မှာ နေထိုင်သူတွေနဲ့ ပြောဆိုဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အဲဒီပရောဂျက် ဖြစ်ပေါ်လာခဲ့တာပါ။ အကြံပြုချက် 16 ခုမှာ Recharge က ထိပ်တန်းရွေးချယ်မှုဖြစ်ပြီး အကောင်အထည်ဖော်ဖို့ အလားအလာမြင့်မားပါတယ်။

SUTD Soulab ဝဘ်ဆိုဒ်အရ Recharge နောက်ကွယ်က အဖွဲ့ဟာ အဲဒါကို ရိုးရှင်းတဲ့အားကစားရုံတွေပေါင်းစပ်ထားတဲ့ ပျော်စရာလေ့ကျင့်ခန်းဂိမ်းတစ်ခုအဖြစ် ဖော်ပြပါတယ်။ ရွေးချယ်ထားတဲ့ အသုံးပြုသူတွေကို သူတို့ရဲ့လုပ်ဆောင်ချက်ကို ခြေရာကောက်ဖို့ အသုံးပြုနိုင်တဲ့ bluetooth card တစ်ခုကို ထုတ်ပေးမှာပါ။

အသုံးပြုသူတွေက သူတို့ရဲ့ Workout စတင်ဖို့ စင်ပေါ်မှာ သူတို့ရဲ့ bluetooth card ကို ထိပေးရပါမယ်။ Workout စတင်တဲ့အခါ အသုံးပြုသူတွေက လေ့ကျင့်ခန်းလုပ်နိုင်ပြီး သူတို့ရဲ့ဖုန်းကိုလည်း အားသွင်းနိုင်ပါတယ်။ ရွေ့လျားမှုကလည်း စက်ပေါ်က မှန်ပုံကွက်ကို လင်းသွားစေမှာပါ။

အသုံးပြုသူတွေက ဒီစက်မှာ တစ်ပတ်ကို ၁၅၀ မိနစ် Workout လုပ်နိုင်ရင် ဘောက်ချာတွေရနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့သူတွေကို လက်တွေ့စမ်းလို့ရအောင် ဖွင့်ပေးထားတာပါတယ်။

  • အသက် ၁၈-၇၅ နှစ်
  • စင်ကာပူနိုင်ငံနေထိုင်သူများ (စင်ကာပူနိုင်ငံသားများနဲ့ စင်ကာပူအမြဲတမ်းနေထိုင်သူများ)
  • ကျန်းမာရေးကောင်းတဲ့ အရွယ်ရောက်ပြီးသူများ
  • Boon Lay မှာ နေထိုင်သူများ

Workout အစမ်းလုပ်ပြထားတဲ့ ဗီဒီယိုကို ကြည့်ရန်

Ref: Mothership “First bus stop-gym prototype launched near Blk 200 in Boon Lay”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top